အပိုင်း (၁၁၉) ကျွန်မက ကြွက်သားတွေရှိတဲ့လူမျိုးကို ကြိုက်တာ (၂)

3.5K 398 7
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
119
အပိုင်း (၁၁၉) ကျွန်မက ကြွက်သားတွေရှိတဲ့လူမျိုးကို ကြိုက်တာ (၂)

ဒါက ချောင်မော့ယွီနဲ့ ရင်းနှီးခွင့်ရဖို့ အခွင့်အရေးကြီးတစ်ခုလေ။ သက်ရှိကံကောင်းခြင်း ငါးလေးတစ်ကောင်ကို နှစ်ထောင်ချီကြာတောင် တွေ့ရဖို့လွယ်တာမဟုတ်ဘူး။ ချောင်မော့ယွီနေတဲ့ နေရာကိုသိပေမဲ့ သူမဆီ အလျင်စလိုသွားလည်လို့  တဏှာရူးဖန်တစ်ယောက်လို ဆက်ဆံမခံရရင်တောင် အံ့ဩစရာကောင်းနေအုံးမယ်။

ဒါပေမဲ့ သူမကို အစီအစဥ်တစ်ခုမှာ တွေ့ဆုံရရင်တော့ အားလုံးက မတူတော့ဘူးလေ။ သူသာ အစီအစဥ်ကို ပါဝင်ခွင့်ရခဲ့ရင် သူမဆီက သန့်ရှင်းလတ်ဆတ်တဲ့လေကို နေ့တိုင်း ရှူရှိုက်ခွင့်ရမှာ။ နောက်ဆိုရင် သူ မြေအောက်ကမ္ဘာ ရောက်သွားတဲ့အချိန်ကျရင် သက်ရှိ ကံကောင်းခြင်းငါးလေးတစ်ကောင်နဲ့ တွေ့ဆုံခဲ့ရတဲ့အကြောင်းကို သူ့ဆရာကို ကြွားလို့ရအုံးမှာ။

ဆရာဟွမ်သည် သူမနှင့် ရင်းနှီးခွင့်ရမည့် အခွင့်ကောင်းတစ်ခုနှင့် လွဲသွားသဖြင့် စိတ်ကသိကအောက် ဖြစ်နေတော့သည်။ တစ်ဖက်တွင်မူ ချောင်မော့ယွီသည် စားပွဲပေါ်မှာ ဟင်းပွဲအားလုံးကို စားသောက်ပြီးစီး သွားတော့သည်။

သူမ၏ သူမ၏ဗိုက်ကို ကျေနပ်အားရစွာ ပွတ်သပ်လိုက်ပြီး

“ ထင်ထားတဲ့အတိုင်းပဲ အသီးအရွက်တွေက ပုံမှန်ထက်ကို အရသာတိုးစေတာပဲ”

ချင်းချန်ချန်သည် ခေါင်းညိတ်ပြလိုက်ပြီး

“ အင်း၊ မနေ့က ငါးကင်ကလည်း အရမ်းအရသာရှိတယ်၊ မော့ယွီ နင့်ကို လက်ထပ်တဲ့သူကတော့ အရမ်းကံကောင်းမှာပဲ”

အစီအစဥ်တင်ဆက်သူသည် ချက်ချင်းလိုပင် ခေါင်းစဥ်တစ်ခုကို ဆွဲထုတ်လိုက်လေသည်။

“ မော့ယွီ ဘယ်လိုစံနှုန်းနဲ့လူမျိုးကို သဘောကျလဲ”

ဤကဲ့သို့ အစီအစဥ်တော်တော်များတွင် ဧည့်သည်များသည် သည်မေးခွန်းကို မေးခံရလေ့ရှိသည်။ သို့ရာတွင် အမျိုးသမီးဧည့်သည်အများစုသည် ဘာမှမပြန်ပြောပဲ တုံ့ပြန်တတ်ကြသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now