အပိုင်း (၁၃၄) ဖွင့်ဟဝန်ခံခြင်း (၁)

3.6K 368 5
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
134
အပိုင်း (၁၃၄) ဖွင့်ဟဝန်ခံခြင်း (၁)

“ ဦးဦး  သူမကို ဆရာကြီးလို့ ခေါ်ရမှာလေ”

လော့လော့၏အသံသည် ပျော့ပြောင်းသော်လည်း သူ့အမူအရာသည် အမှန်ပင်လေးနက်နေလေသည်။

“ ဦးဦး ဆရာက ဘာသားရေးသီးခြားဂိုဏ်းရဲ့ ခေါင်းဆောင်လေ၊ မော့ယွီလေး မဟုတ်ဘူး...”

သူသည် တတွတ်တွတ် ထပ်ရွတ်လိုက်လေသည်။

“ လော့လော့ ကင်းမွန်ငါးအသားလုံးလဲ စားရတာကြိုက်တယ်...”

ယဲ့ဖေးချန်း : “.....”

ဒီအစားမက်ကလေးကတော့နော်။ ချောင်မော့ယွီရဲ့ နာမည်ကိုတောင် မမှတ်မိတော့မှာ စိုးရတယ်။

ချောင်မော့ယွီသည် သက်ပြင်းချလိုက်၏။

ယဲ့ဖေးချန်းရဲ့အခေါ်အဝေါ်ကို ပြင်ပေးဖို့တောင် သိနေပြီ။ အခုမှ တာအိုလမ်းစဥ်ကို ဝင်လာတဲ့ ဒီ ၃ နှစ်အရွယ်ကလေးကလေ တော်တော်ကို စိတ်နှစ်ထားတာပါလား။

သူမသည်  သူမ၏အတွေးကို စုစည်းလိုက်ပြီး ယဲ့ဖေးချန်းကို အလျင်စလို လက်ခါပြလိုက်လေသည်။

“ ရုပ်ရှင်ဧကရာဇ်ယဲ့ အဲလိုမလုပ်ပါနဲ့၊ ကျွန်မတို့ ဘုရားကျောင်းက သေးသေးလေး ပြီးတော့ ရှင့်လို လေးစားရတဲ့လူတစ်ယောက်ကို ပျိုးထောင်ပေးဖို့ မတတ်နိုင်ပါဘူး”

ယဲ့ဖေးချန်းသည် ချောင်မော့ယွီ၏စကားကို ကြားလိုက်ရပြီးနောက် မျက်ခုံးတွန့်သွားတော့သည်။

“ ငါ့ကို အဲလိုမခေါ်ပါနဲ့လို့ ပြောထားတယ်မလား”

“အင်း ပြဿနာက ရှင့်ကို ဘယ်လိုခေါ်ရမလဲ ဆိုတာမဟုတ်ဘူးလေ၊ အဓိကပြဿနာက ကျွန်မတို့ ဘုရားကျောင်းက ကျဥ်းကျဥ်းလေး၊ လူတိုင်းကို လက်ခံလို့ရရင်တောင် ရှင်က ကျတော့....”

ချောင်မော့ယွီသည် ပိုလေးနက်သည့် စကားလုံးများနှင့် ဆက်ပြောလိုက်လေသည်။

“ ရှင့်အသက်အရွယ်နဲ့ဆို ကျွန်မက ရှင်နဲ့တွေ့အခါ ရှင့်ကို ဆရာကြီးလို့ ပြန်ခေါ်နေရမှာပေါ့၊ ဒါပေမဲ့ ဆရာကြီးနေရာတစ်ခုကိုတော့ မပေးချင်ပါဘူး”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now