အပိုင်း (၁၂၄) အချင်းချင်းကိုက်ကြခြင်း(၁)

3.6K 382 4
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

124

အပိုင်း (၁၂၄) အချင်းချင်းကိုက်ကြခြင်း(၁)

နောက်တစ်နေ့မနက်တွင်  အားလုံးသည် မနက်စာစားပြီးနောက် နန်ချန်းကျေးလက်စျေးသို့ သွားလိုက်ကြသည်။

စျေးကို လတစ်လ၏ ပထမဆုံးရက်နှင့် ဆယ့်ငါးရက်နေ့များတွင် ဖွင့်သည့်ဓလေ့ကို ထိန်းသိမ်းထားသည်။ စျေးသည် အတန်ကြီးပြီး အနီးအနားရှိရွာများမှ ရွာသူရွာသားများအားလုံးနီးပါး လာရောက်ကြသည်။

ချောင်မော့ယွီသည် မနေ့ည ကောင်းစွာအိပ်စက်ပြီးနောက် သည်မနက်တွင် စောစောနိုးလာသည်။ သူမသည် မိတ်ကပ်တစ်စုံတစ်ရာ မလိမ်းထားဘဲ သူမ၏ဆံပင်ရှည်များကို နှစ်ဖက်ခွဲကာ ကျစ်ထားသည်။ အနောက်မှကြည့်လျှင် သူမသည် တောင်ပေါ်တွင် ကြီးပြင်းလာသည့် မိန်းမငယ်လေးတစ်ယောက်နှယ်။

ချင်းချန်ချန်သည် သူမကို ပြုံးပြလိုက်ပြီး

“ မော့ယွီ နင်ရဲ့အလှစစ်ကို ချပြဖို့ကြိုးစားနေတာလား၊ နင် ပန်းပွင့်တွေပါတဲ့ ဂါဝန်လေးတစ်ထည် ဝတ်လိုက်တာ ပိုကောင်းမယ်၊ နင်သာ အဲလိုဝတ်လိုက်ရင် ဆယ်လီက လူငယ်လေးတွေနဲ့ ရွာရှစ်ရွာကလူတွေ နင့်ကို အသေကြွေသွားကြမှာ”

(T/N : လီ - ခန့်မန်းခြေ မီတာ ၅၀၀ အကွာအဝေး)

သူငယ်ချင်းနှစ်ယောက်သည် အစွန်နားလေးတွင် နေရာတစ်ခုရသွားပြီး မြေကြီးပေါ်တွင် အသင့်ယူလာသည့် ဆီစိမ်စက္ကူကို ခင်းလိုက်၏။ သူတို့သည် ထိုင်ဖုံလေးနှစ်ခုကို ချလိုက်ပြီး ပန်းကုံးများကို စတင်ရောင်းချ လိုက်ကြသည်။ တစ်ဖက်တွင် ရှင်းဝမ်ရွှမ်းသည် ချောင်ရို့ဟွမ်ကို အထင်သေးသည့်အကြည့်နှင့် ကြည့်နေ လေသည်။

သူမသည် ချောင်မော့ယွီတွင် အရံအစီအစဥ်ရှိလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူမသည် ပန်းကုံးများကို အမှန်တကယ်ရောင်းလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

ရှင်းဝမ်ရွှမ်းသည် ချောင်ရို့ဟွမ်အဖွဲ့နှင့်အတူ အနိုင်ယူရန် စဥ်းစားထားခဲ့၏။ ချောင်ရို့ဟွမ်ဖက်တွင် ရှင်းရီချန် ရှိသည်မှာ သေချာသည်။ ထို့ကြောင့် သူမသည် အနိုင်ရရေးအတွက် ယဲ့ဖေးချန်းကို သူမ၏အဖွဲ့ကို ကူညီစေချင်သည်။ ချောင်မော့ယွီနှင့် ချင်းချန်ချန်တို့သည် တစ်စုံတစ်ယောက်၏ အကူအညီမပါဘဲ မည်သို့လုပ်ကိုင်မည်ကို သူမ မြင်ချင်လွန်းလှသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now