အပိုင်း(၁၂၉) အဖြစ်မှန် (၂)

3.2K 376 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
129
အပိုင်း(၁၂၉) အဖြစ်မှန် (၂)

လူအုပ်ကြီး၏အစွန်တွင် ရှင်းဝမ်ရွှမ်းသည်  ချောင်မော့ယွီ၏အောင်မြင်မှုက ချက်ချင်းဆိုသလို ပွင့်ကျလာပြီးနောက် သူမ၏သေးငယ်လှသည့် စိတ်ချမ်းသာမှုသည် ကွယ်ပျောက်ကာ သေဆုံးသွားတော့သည်။

သူမသည် သည်းမခံနိုင်တော့ချေ။ သူမသည် ချောင်မော့ယွီကို မနာလိုဖြစ်နေသည်လား ပို၍မုန်း မိသွားသည်လားပင် သေချာမသိတော့ပေ။

ပန်းကုံးသည် နောက်ဆုံးတွင် ဒေါ်လာ ၂၆၆၀နှင့် အတည်ပြုတော့မည့်ဆဲဆဲတွင် ဒေါ်လာ၂၉၀၀နှင့် ရောင်းထွက်သွားတော့သည်။

၁၂နာရီထိုးပြီး နာရီမြည်လာချိန်တွင် << ငါကသရုပ်ဆောင်သက်သက်ပဲမဟုတ်ဘူး>> ပထမပိုင်း၏ ရိုက်ကူးရေး ပြီးဆုံးတော့မည်ကို အသိပေးလိုက်တော့သည်။

အစီအစဥ်အဖွဲ့သည် တစ်ဖွဲ့စီ၏ ရငွေများကို တွက်ချက်ပြီးနောက် ကြေညာလိုက်၏။

“ကျွန်မတို့ရဲ့ အဖွဲ့၃က စုစုပေါင်းအလှူငွေ ဒေါ်လာ ၁၀,၅၆၂ ကျပ်ရပါတယ်၊ မော့ယွီနဲ့ ချန်ချန် ဂုဏ်ယူပါတယ်”

“အခုဆိုရင် အနိုင်ရတဲ့အဖွဲ့က နောက်အပိုင်းရိုက်ကူးရေးမှာ ကူညီပေးဖို့ တက်ရောက်ရမဲ့ဧည့်သည်ကို ရွေးချယ်လို့ရပါပြီ”

ချင်းချန်ချန်သည်  ယဲ့ဖေးချန်းကိုကြည့်နေသည့် ချောင်မော့ယွီကို ရွေးခိုင်းလိုက်၏။

“ရုပ်ရှင်ဧကရာဇ်ယဲ့ကို ကျွန်မတို့ အဖွဲ့၃ကို လာဖို့ ဖိတ်ချင်ပါတယ်”

သူမသည်ထပ်ပြောလိုက်၏။

“ကျွန်မတို့နဲ့သာဆို ရှင်မနစ်နာစေရပါဘူး”

အားလုံးသည် မနေနိုင်တော့ဘဲ ရယ်မောလိုက်ကြလေသည်။ သူမ အမှန်တကယ်ပြောချင်သည့်စကားကို အားလုံးက သိကြသည်။

ညီမလေး ငါ့နောက်သာလိုက်ခဲ့ တစ်ချက်လေးမှ နောင်တမရစေရဘူး။

ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို အားကိုးရာမဲ့သည့်ဟန်နှင့် ကြည့်လိုက်ပြီး အားအင်ချိနဲ့စွာ လက်ခံလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now