အပိုင်း ( ၁၁၈) ကျွန်မက ကြွက်သားတွေရှိတဲ့လူမျိုးကို ကြိုက်တာ (၁)

3.7K 402 21
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
118
အပိုင်း ( ၁၁၈) ကျွန်မက ကြွက်သားတွေရှိတဲ့လူမျိုးကို ကြိုက်တာ (၁)

ထိုအချိန်တွင် လှပခမ်းနားသည့်မီးရှူးမီးပန်းများသည်  လိုက်ဖ်လွှင့်နေသည့်စခရင်ပေါ်တွင် ရုတ်တရက် ဖျာထွက်လာလေသည်။ တောက်ပသည့်မီးရှူးမီးပန်းများနှင့်အတူ အမြင်အာရုံကို ဖမ်းစားနေသည့် ခေါင်းစဥ်တစ်ခု ထွက်ပေါ်လာလေသည်။

“[ချန်းယွီအတွဲစူပါဖန်]က မီးရှူးမီးပန်းများကို လက်ဆောင်ပေးလိုက်ပါတယ်”

“ဒီနေ့ရဲ့ လိုက်ဖ်မှာ လက်ဆောင်ပေးခြင်းအဆင့် ပထမနေရာရသွားတဲ့ [ချန်းယွီအတွဲစူပါဖန်]ကို ဂုဏ်ပြုပါတယ်”

ဖန်းများထဲမှတစ်ယောက်သည် စိန်တုံး၉၉,၉၉၉တန် မီးရှူးမီးပန်းများကိုကြည့်ကာ ပြောလိုက်လေသည်။

“သောက်ရမ်းချမ်းသာတဲ့လူတွေပဲဟ”

“ဝိုး ငါ့ချန်းယွီအတွဲမှာ ချမ်းသာတဲ့ဖန်တွေရှိတယ်တော့၊ မိုက်တယ်ဟေ့”

ကြည့်ရှုသူများသည် စခရင်ပေါ်တွင် သင်္ဘောကြီးတစ်စင်း ရုတ်တရက် ပေါ်လာချိန်တွင် စတင် ဆွေးနွေးလာကြတော့သည်။ တောက်ပပြီး လှပသည့်မီးပုံများချိတ်ဆွဲထားသည့် သင်္ဘောကြီးသည် ကြွယ်ဝချမ်းသာပြီး ခမ်းနားကြီးကျယ်သည့် မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။

‘မှတ်ချက်ပေးသည့်စခရင်’ ထပ်ပေါ်လာလေသည်။

“ [အစ်ကိုယွီ ကျေးဇူးပြုပြီး ငါ့နဲ့လာနေပါ] က အချစ်လေယာဥ်တစ်စင်းကို လက်ဆောင်ပေးလာပါတယ်”

“ဒီနေ့ရဲ့ လိုက်ဖ်မှာ လက်ဆောင်ပေးခြင်းအဆင့် ပထမနေရာရသွားတဲ့ [အစ်ကိုယွီ ကျေးဇူးပြုပြီး ငါနဲ့လာနေပါ]ကို ဂုဏ်ပြုပါတယ်”

၎င်း၏အောက်တွင် ‘မှတ်ချက်ပေးသည့်စခရင်’သည်  ရူးချင်စရာကောင်းလောက်အောက် ထပ်ကျလာပြန်သည်။

“အဲဒါဘယ်သူလဲ၊ ဒီနေ့ ဘာလို့ လူချမ်းသာတွေအဲလောက်များနေတာလဲ”

“အဲလေယာဥ်က ဒေါ်လာ ၁,၉၉၉ တန်ဖိုးရှိတဲ့ စိန်တုံး ၁၉၉,၉၉၉တန်နော် ၊ အဲလောက် ချမ်းသာနေတာတောင် အစ်ကိုယွီနဲ့ အတူနေချင်ကြသေးတယ်တဲ့၊ အစ်ကိုယွီရဲ့ဆွဲဆောင်မှုကတော့ အရမ်းစွမ်းအားကြီးတာပဲ”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now