အပိုင်း (၁၃၆) ဖွင့်ဟဝန်ခံခြင်း (၃)

3.6K 447 23
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
136

အပိုင်း (၁၃၆) ဖွင့်ဟဝန်ခံခြင်း (၃)

“ကောင်းပြီ”

ယဲ့ဖေးချန်း၏ လည်ဇလုတ်သည် လိမ့်တက်သွား၏။ သူ့စိတ်နှလုံးသည် အလင်းရောင်ကို မြင်လိုက်ရသည်ဟု တွေးလိုက်ချိန်တွင် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လေ့ာလော့သည် အသံတစာစာဖြင့် ပြောလာသည်။

ကောင်လေးသည် ချောင်မော့ယွီက တီဗွီထဲတွင် ပြောခဲ့သည့်စကားကို သတိရသွားလေသည်။ သူသည် ထိုအကြောင်းကို စိတ်ထဲတွင် အမြဲသိမ်းထားခဲ့ပြီး မေးရန်မေ့လျော့နေခဲ့ရာ သူ့ပြည့်ဖောင်းဖောင်း လက်မောင်းများကို ဆန့်ထုတ်လိုက်ပြီးနောက် သူ့မျက်လုံးများသည် တောက်ပစွာဖြင့်

“ ဆရာကြီး ဒီလိုဆိုရင် တပည့်ကိုရော ဘယ်လိုမြင်လဲဟင်”

သူမ၏ရှေ့မှ ကလေးလေးသည် ကြာစွယ်များနှင့်တူသည့် တိုတိုတုတ်တုတ် လက်မောင်းလေးများ ပိုင်ဆိုင်ထားလေသည်။ ထိုလက်မောင်းလေးများသည် အလွန်ချစ်စရာကောင်းရာ လူကို ကိုက်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နေတော့သည်။ အပြင်လူများရှိနေသဖြင့် ချောင်မော့ယွီသည် သူမ၏အတွေးကို ထိန်းချုပ်ထားလိုက်ရလေသည်။ သူမသည် လော့လော့နှင့် မျက်နှာချင်းဆိုင်လိုက်ပြီးနောက် သူမ၏အငမ်းမရစိတ်ကို သိမ်းထားလိုက်ကာ

“ဆရာကြီးက ငါတို့ရဲ့ ၃၂ဆက်မြောက် မျိုးဆက်လေးကို အချစ်ဆုံးပဲ”

ကောင်လေးသည် သူမ၏စကားကို ကြားလိုက်ရပြီးနောက် ပျော်ရွှင်စွာ ပြုံးလိုက်၏။

ထိုသို့ပြုံးလိုက်ပြီးနောက်တွင် သူသည် မျက်နှာချင်းဆိုင်ရှိ ယဲ့ဖေးချန်းဘက်သို့ လှည့်ကာ မမေ့မလျော့ ပြောလိုက်လေသည်။

“ ဂိုဏ်းတူဦးဦး  ဆရာကြီးက ပြောတယ် ဒီတပည့်လေးကို အချစ်ဆုံးတဲ့”

ယဲ့ဖေးချန်း : “....”

ထိုအချိန်တွင် သူဌေး၏ဇနီးသည်သည် ဆန်ပြုတ်နှင့် မုန့်အချိုများကို ပြုလုပ်ပြီးသွားသဖြင့် ဟင်းပွဲများကို စတင်တည်ခင်းလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now