အပိုင်း(၈၁) ခြေရာခံခြင်း (၆)

4K 397 6
                                    

ဘာသာပြန်သူ Yuuki
အပိုင်း(၈၁) ခြေရာခံခြင်း (၆)

သို့နှင့် နောက်တစ်နေ့တွင် သားအမိနှစ်ယောက်သည် မနက်စာစားပြီးနောက် အဝတ်အစားလဲရန် အိမ်သို့ပြန်လာခဲ့ကြသည်။

အရင်ကထက်စာလျှင် ယခုတွင် ချောင်မော့ယွီသည် အတိုင်းအတာတစ်ခုအထိ နာမည်ကြီးနေပြီ ဖြစ်သောကြောင့် သည်တစ်ကြိမ်တွင် မိတ်ကပ် လိမ်းပြီး ပိုသေသေချာချာ ရုပ်ဖျက်ထားလိုက်သည်။

မိတ်ကပ်ဖြင့် မျက်နှာချနည်းတစ်ခုကို သုံးပြီး သူမမျက်နှာကျပုံကို ပြတ်သားသည့်ရုပ် ထွက်အောင်လုပ်လိုက်သည်။ သူမ၏မျက်ခုံးကိုလဲ ပိုထူအောင်ဆွဲလိုက်ပြီး လည်ဇလုတ်ပေါ်အောင် ဆွဲကာ သူမ၏မေးစေ့နှင့် အပေါ်နှုတ်ခမ်းပေါ်တွင် မုတ်ဆိတ်မွှေးရေးရေးလေးရှိသကဲ့သို့ ပုံဖော်လိုက်သည်။

ဝတ်စားပြီးသွားသောအခါ မှန်ထဲတွင် တစ်ချက်ပြန်ကြည့်လိုက်ပြီး ကျေနပ်ပြုံး ပြုံးမိလိုက်လေသည်။ ဤနည်းအားဖြင့် မည်သူမှသူမကို မှတ်မိတော့မည်မဟုတ်ပေ။

သူမသည် သူမ၏ရင်သားကို စည်းနှောင်လိုက်ပြီး ရင်သားမသိသာရန် တာအိုဝတ်ရုံပွပွကို ဝတ်လိုက်လေသည်။ သူမ၏ဝတ်စုံ ဝတ်ပြီးသွားသည်နှင့် လော့လော့အတွက် အဝတ်အစား ဆက်ပြင်ဆင်ပေးလိုက်သည်။

ကောင်ကလေးသည် မိတ်ကပ်လိမ်းရန် လုံးဝမလိုဘဲ ဆံထုံးတု တစ်ခုသာ တပ်ထားရန်လိုလေသည်။ သည်တစ်ကြိမ်တွင် ချောင်မော့ယွီသည် သူမသား၏ ဆံထုံးကို ကြာရွက်တစ်ခုနှင့် အထူးအလှဆင်ထားလိုက်သည်။ ထို့နောက် သူလေးကို အစိမ်းရောင် ဝတ်ရုံနှင့် အဝတ်စဖိနပ်ကို ဆင်ပေးလိုက်ပြီး သူလေးကို မကြာမီကမှ ခေတ်သစ်လောကကို ကူးပြောင်းလာသည့် ကျင့်ကြံသူလေးတစ်ယောက်သဖွယ် ပြင်ဆင်ပေးလိုက်သည်။

“ပေါင်ပေ့ မာမားတို့ အပြင်ရောက်သွားရင် မာမား ကို ‘မာမား’ လို့မခေါ်ရဘူးနော်၊ သားက မာမားကို ‘ဆရာကြီး’လို့ ခေါ်ရမယ်”

ချောင်မော့ယွီသည် သူလေးကို သတိပေးလိုက်လေသည်။

“ပေါင်ပေ့ မာမားတို့က အလုပ်သွားလုပ်မှာဆိုတော့  ခေါင်းကို မတ်မတ်ထားရမယ်နော်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now