အပိုင်း (၁၃၅) ဖွင့်ဟဝန်ခံခြင်း (၂)

3.3K 372 3
                                    

ဘာသာပြန်သူ Yuuki
135
အပိုင်း (၁၃၅) ဖွင့်ဟဝန်ခံခြင်း (၂)

တာအိုခေါင်းဆောင် ချင်းရင်သည် သူမအခုလေးတင်မှ အသိအမှတ်ပြုထားခဲ့သည့် ဂိုဏ်းတူအစ်ကို၏နှလုံးသည် ခုန်ပေါက်မြူးတူးနေသည့် မျောက်တစ်ကောင်ပမာ၊ သူ့စိတ်တို့သည် ခုန်ပေါက်နေသည့် မြင်းတစ်ကောင်ပမာ သူမအပေါ် စိတ်လှုပ်ရှားနေသည်ကို မသိချေ။ သူမသည် သူမ၏ဓားသိုင်းအကကို အဆုံးသတ်လိုက်ပြီးနောက် လုပ်ငန်းစဥ်၏နောက်တစ်ဆင့်ကို ဆက်လုပ်လိုက်သည်။

သူမသည် သည်တစ်ကြိမ်တွင် အလွန်တက်ကြွနေသည်။ အကြောင်းမှာ လုပ်ငန်းအားလုံးပြီးစီးသွားလျှင် လော့လော့နှင့်အတူ အရသာရှိသည့်နေ့လယ်စာကို စားသောက်ရန် မျှော်လင့်ထားသောကြောင့်ပင်။ ထိုအရာက သူမကို မျှော်လင့်တကြီးနှင့် အလုပ်ကြိုးစားစေတော့သည်။

နောက်ဆုံးတွင် အလင်းဖွင့်သည့်လုပ်ငန်း ပြီးမြောက်သွားလေသည်။ သူဌေးသည် ငွေချေလိုက်ပြီးနောက် ချောင်မော့ယွီ၏နဖူးပေါ်မှာ ချွေးသီးများကို မြင်လိုက်သဖြင့် မေးလိုက်လေသည်။

“ ဆရာကြီး စိတ်ထဲမထားဘူးဆိုရင် ကျွန်တော်တို့ ဆိုင်မှာ ဝင်ထိုင်ပါလား၊ မစ္စတာမင်းသားရော၊ ကျွန်တော်တို့ဆိုင်က အရာအားလုံးက ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ ကိုယ်တိုင်လုပ်ထားတာ၊ ပါဝင်ပစ္စည်းတွေကလဲ အရည်အသွေးမြင့်ပါတယ် အရသာကလည်း တကယ့်စစ်စစ်ပဲ”

ချောင်မော့ယွီသည် စက္ကန့်အနည်းငယ် စဥ်းစားဟန် လုပ်လိုက်ပြီးနောက် သဘောတူလိုက်လေသည်။

“ ဒါဆိုရင် ငါတို့ အနှောင့်အယှက်ပေးလိုက်ပါအုံး”

ထိုစုံတွဲသည် ချက်ပြုတ်ရင် မီးဖိုခန်းထဲသို့ အလျင် အမြန်ဝင်သွားလိုက်သည်။ အပြင်ဖက်တွင် လော့လော့၏မျက်လုံးဝိုင်းလေးများသည် ယဲ့ဖေးချန်းကို ငေးကြည့်ရင်း

“ ဂိုဏ်းတူဦးလေး ဦးလေးရဲ့ တောက်နာမည်က ဘာလဲဟင်”

ယဲ့ဖေးချန်းသည် အနည်းငယ်စဥ်းစားလိုက်ပြီး

“ ဦးကို ကျွေးယွီ လို့ခေါ်”

ချောင်မော့ယွီသည် ထိုနာမည်ကို စဥ်းစားလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now