အပိုင်း (၁၅၅) မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဆန္ဒကို သိရှိသွားခြင်း (၁)

3.3K 375 4
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၅၅) မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဆန္ဒကို သိရှိသွားခြင်း (၁)

ပထမဆုံးအနမ်းကြောင်းပြောလိုက်သည်တွင် ချောင်မော့ယွီသည် ချွေးပျံသွားတော့သည်။

ပထမဆုံးအနမ်း အကြောင်းတော့ ပြောမနေနဲ့တော့၊ ငါလေးရဲ့ ပထမဆုံးအကြိမ်က ပြီးသွားတာ ကြာပြီလေဟယ်။

သူမသည် မည်သူမည်ဝါဖြစ်ကြောင်းကိုပင် ထိုအချိန်က မသိခဲ့ပေ။ သူမသည် လော့လော့ဟု ခေါ်သည့် အလွန်ဉာဏ်ကောင်းပြီး ချစ်စရာကလေးတစ်ယောက်ကို မွေးခိုင်းခဲ့ပေသည်။

ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏လက်မောင်းထဲမှ ထွက်ကာ ပြောလိုက်၏။

“ ကျွန်မ အခုပြန်မှဖြစ်မယ်၊ လော့လော့ ကျွန်မကို ရှာနေလိမ့်မယ်”

“ကောင်းပြီလေ”

ယဲ့ဖေးချန်းသည် ခေါင်းညိတ်ပြလိုက်ပြီး ချောင်မော့ယွီကို အိမ်ပြန်ပို့ပေးလိုက်၏။

အိမ်ပြန်ရာက်ပြီးနောက် သူမသည် မှန်ထဲတွင် ကိုယ့်ဟာကိုပြန်ကြည့်လိုက်ရာ သူမနှုတ်ခမ်းများသည် ဖူးယောင်နေသည်ကို တွေ့လိုက်ရတော့သည်။

သူမသည် စိတ်ထဲမှနေ၍ ယဲ့ဖေးချန်းကို ကျိန်ဆဲလိုက်၏။ သူမသည် သွားတိုက်ဆေးအနည်းငယ်ကို ညစ်ထုတ်ကာ သွားတိုက်လိုက်တော့သည်။

ငါလေးက ငါ့ရဲ့အလုပ်ကို ကြော်ငြာဖို့သွားခဲ့တာလေ  ပြန်လာတော့ ချစ်သူတစ်ယောက်အပို ပါလာသတဲ့လား။ သူ့ကို ပြန်အမ်းလို့မရဘူးလားဟင်။ မျှော်လင့်ချက်တော့ မရှိတော့ပါဘူး။ တစ်ဖက်လူက လူတွေကို အရောင်းဝယ်လုပ်တာတောင် ဖိအားပေးပြီး လုပ်တတ်တဲ့သူဖြစ်နေတာ ရှင်းနေတာပဲကိုး။

ချောင်မော့ယွီသည် အရင်က မည်သူတစ်ဦးတစ်ယောက်နှင့်မှ မတွဲခဲ့ဖူးချေ။ သူမသည် ချစ်သူကောင်လေးတစ်ယောက် ရှိခြင်း၏ခံစားချက်ကိုလည်း မကြုံခဲ့ဖူးချေ။ သို့သော် သူမသည် အမြဲတစေ အကောင်းမြင်တတ်သူ ဖြစ်သောကြောင့် သူမသည် ထိုအကြောင်းကို ထပ်မစဥ်းစားတော့သလို သူမ၏စိတ်ကို ပြောင်းလဲရန်လည်း မစဥ်းစားမိပေ။ သူမကိုယ်သူမ ဖြေသိမ့်လိုက်တော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now