အခန်း(၂၉) လော့လော့နဲ့တွေ့ဆုံခြင်း (၂)

4.3K 452 4
                                    

ဘာသာပြန်သူ - Yuu Ki

အခန်း(၂၉) လော့လော့နဲ့တွေ့ဆုံခြင်း (၂)

ရုတ်တရက်ကြီး လူထုက ယဲ့ဖေးချန်း​၏ တည်ရှိမှုကြောင့် အုံအုံကြွကြွဖြစ်လာသည်။ အစောပိုင်းက အနီရောင်ဝတ်ထားသည့် မာနတလွှားလွှားဖြင့် မိန်းကလေးမှာ ချက်ချင်းပင် နူးညံ့ကြင်နာသည့်အသွင် အဖြစ်သို့ ကူးပြောင်းသွားပေသည်။ သူမက ယဲ့ဖေးချန်းကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး ချိုသာစွာ ပြုံးပြလိုက်သည်။

သို့သော် ယဲ့ဖေးချန်း​၏ အေးစက်ပြီး မထူးမခြားနားသည့် အရှိန်အဝါကြောင့် လူထုက သူနှင့် ခပ်ဝေးဝေး၌သာ ရပ်ကြည့်နေရဲသည်။ ယဲ့ဖေးချန်းက ကလေးထိန်းယွီဆီသို့ လျှောက်သွားပြီး

" ခုနက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတယ်လို့များ ပြောလိုက်သေးလား"

ထိုအေးတိအေးစက် လူသား​၏ အရှိန်အဝါကြောင့် ကလေးထိန်းယွီက မလှုပ်ရှားနိုင်တော့ဘဲ တောင့်တောင့်ကြီးဖြစ်သွားကာ

"အာ အဆင်ပြေသွားပါပြီ ကျေးဇူးပါ လူငယ်လေး"

သို့သော် ကလေးထိန်းယွီ​၏ ရင်ခွင်မှ လော့လော့က အငြိမ်မနေနိုင်ပေ။

"အန်ကယ် ဒီအနီရောင် ဝတ်ထားတဲ့ အန်တီဆိုးဆိုးကြီးက သားကို ခုနက ဆွဲလုဖို့လုပ်နေတာ အီးဟီးဟီး"

လော့လော့ ငိုသံကို ကြားလိုက်ပြီးနောက် ယဲ့ဖေးချန်းအကြည့်က ထိုမိန်းကလေးဆီသို့ ကျရောက်လာသည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ယဲ့ဖေးချန်းက ကလေးများနှင့် အပေါက်အလမ်း သိပ်မတည့်ပေ။ ကလေးအပေါ် စိတ်လည်းမရှည်တတ်ချေ။ သို့သော် သည်ကလေး​၏ မျက်လုံးဝိုင်းဝိုင်းများနှင့် မျက်နှာသေးသေးက သူ့အာရုံစိုက်မှုကို အပြည့်အဝ ရသွားခဲ့သည်။ သည်ကလေး​၏ မည်းနက်နေသည့် မျက်ဝန်းများက သူ့ကို ပြောစရာအများကြီး ရှိနေသကဲ့သို့ပင်။

ယဲ့ဖေးချန်းက လော့လော့ကို ချစ်စရာကောင်းသည်ဟု တွေးမိလိုက်တာကြောင့် စိတ်ရှည်စွာ မေးလိုက်သည်။

" ကလေးရေ ဘာလို့ ဒီအန်တီက သားကို ပြန်ပေးဆွဲချင်တာလဲ"

လော့လော့က ထိုလူကို မျက်လုံးရွဲကြီးဖြင့် စိုက်ကြည့်ကာ လူကောင်းဖြစ်လောက်မည်ဟု ခံစားရသောကြောင့်

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now