အပိုင်း ( ၅၂) နင့်မျက်နှာလေး နာသွားလား (၁)

4.2K 406 0
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း ( ၅၂) နင့်မျက်နှာလေး နာသွားလား (၁)

ခဏအကြာတွင် ယဲ့ဖေးချန်းနှင့် ချောင်မော့ယွီတို့သည် ကင်မရာရှေ့တွင် ရပ်လိုက်ကြသည်။

လက်ထောက်ဒါရိုက်တာက အချက်ပြလိုက်သောအခါ ယဲ့ဖေးချန်း၏ ပုံစံသည် ရုတ်ခြည်း ပြောင်းသွားတော့သည်။ သူ့ တည်ငြိမ်သော အမူအရာသည် ရက်စက်ခက်ထန်မှု အရောင်အဝါ ထွက်လာသည်နှင့် တပြိုင်နက် သူသည် ခံ့ညားထည်ဝါသည့် အရောင်အဝါတစ်ခုကို ထုတ်လွှတ်နေတော့သည်။ သူသည် သံချပ်ကာ မြင်းပေါ်တွင် တလက်လက်တောက်ပနေသော လှံရှည်ကို ကိုင်ဆောင်ထားကာ တိုက်ပွဲ၏အသက်ရှူသံ ကိုပိုင်ဆိုင်ထားသော စစ်သည်တစ်ယောက်၏ သရုပ်ကိုဖော်ကျူးနေလေသည်။ ခန်းမတစ်ခုလုံးသည် ယမ်းမှုန့်နှင့် အမြောက်လက်နက်များ ပြည့်နက်နေသော စစ်ပွဲတစ်ခုအသွင် ပြောင်းသွားကာ ခန်းမ၏ လေထုသည် တင်းကျပ်လာလေသည်။

သူ့ရှေ့တွင် ရပ်နေသော ချောင်မော့ယွီသည် သူ၏ စိတ်အခြေအနေမှာ ပြောင်းလဲသွားသည်ဟု ခံစားမိသွားရာ သူမသည် နှလုံးသားထဲမှ သက်ပြင်းတစ်ခုကို မချဘဲ မနေနိုင်ဖြစ်သွားသည်။ ယဲ့ဖေးချန်းသည် ရုပ်ရှင်ဧကရာဇ်ဘွဲ့နှင့် အမှန်တကယ် ထိုက်တန်ပေသည်။ သူသည် သူ့ဇာတ်ကောင်ထဲသို့ မြန်မြန် နစ်ဝင်သွားပြီး သူမကိုလဲ ဇာတ်လမ်းထဲသို့ ဆွဲခေါ်သွားတော့သည်။ သူသည် အမှန်ပင် ဖရိုဖရဲကာလတစ်ခုအတွင်း တပ်မှူးလေးတစ်ယောက်နှင့် တူနေတော့သည်။

ချောင်မော့ယွီသည် ထိုအကြောင်းကို အတွေးမလွန်ရန် သူမကိုယ်သူမ တွန်းအားပေးလိုက်လေသည်။ သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူမ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုအခိုက်အတန့်တွင် သူမသည် တဖန် မျက်လုံးကို ပြန်ဖွင့်လိုက်ရာ သည်တကြိမ်တွင် မတူညီသော အရှိန်အဝါတစ်ခု နှင့်အတူ ထွက်ပေါ်လာလေသည်။

ဇာတ်လမ်းအတွင်းမှ သူရဲကောင်းမလေးသည် အမှန်တကယ်ပင် သာမန်မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ သို့ရာတွင် သဲကန္တာရထဲတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်တွင် သူမသည် တစ်ချိန်ကလို ဗဟုသုတနည်းသော မိန်းကလေးတစ်ယောက် မဟုတ်တော့ပေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now