အပိုင်း (၅၅) မျိုးရိုးဗီဇစစ်ဆေးမှုရလဒ် (၁)

4.5K 421 8
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၅၅) မျိုးရိုးဗီဇစစ်ဆေးမှုရလဒ် (၁)

မှတ်ချက်များသည် ‘အရုဏ်ဦးရဲ့လင်းရောင်ခြည်’ တရားဝင်ဘလော့ဂ်တွင် အရှိန်အဟုန်ဖြင့် စတင် ပေါ်ထွက်လာတော့သည်။

“ ဘုရားရေ ချောင်မော့ယွီတဲ့လေ၊ သူမက ချောင်ရို့ဟွမ်နဲ့ ကျန့်ချန်းချန်ကို ကျော်သွားလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားဘူး”

“ အမလေး ... ငါ့ရဲ့ နတ်ဘုရားမလေးဟဲ့ ၊ ပျော်လိုက်တာ ၊ ငါ့ရည်းစားက ငါ့ကိုဖွင့်ပြောတာထက်တောင် ပျော်သေးတယ်၊ မမမော့ယွီက လက်ဗလာနဲ့ ဘုတ်ပြားတွေကို ခွဲလိုက်တုန်းက ငါ ချက်ချင်းကို ကြွေသွားတာ”

“ဒါနဲ့ အဲဒီလူက ဘယ်သူလဲ၊  ဘာဖြစ်လို့ တရားဝင်ကြေငြာတာ တစ်ခုလေးတောင် မရှိတာလဲ၊ ဒီက ကလေးလေးက သိချင်နေပါပြီနော်”

“ အမလေး .. အဲဒီလူကို အရမ်းသိချင်လှပြီ”

“ မှတ်ချက်ရေးခဲ့တဲ့ အပေါ်က တစ်ယောက်ရေ ဒုတိယနေ့ လူရွေးပွဲတုန်းက ငါကြားခဲ့တာတော့ ရုပ်ရှင်ဧကရာဇ်ယဲ့က စတူဒီယိုကို လာခဲ့တယ်တဲ့၊ ငါ့ညီမလေး လုလု ကလဲ သူ့ကိုတွေ့ခဲ့တယ်လို့ ပြောတယ်၊ သူပဲ ဖြစ်ရမယ်”

“ အမလေး ၊ ဘုရားရေ တကယ်ကြီးလား၊ အဲဒီလူက ရုပ်ရှင်ဧကရာဇ်ယဲ့တဲ့လား၊ အားးးး ငါ သူတို့ရဲ့ သရုပ်ဆောင်တာတွေကို ကြည့်လိုက်ရတယ်လေ”

“ ဒါပေမဲ့ သူ ဟုတ်ချင်မှလဲ ဟုတ်မှာပါ၊ ဧကရာဇ်ယဲ့က အခုလောလောဆယ် ဘယ်တီဗွီစီးရီးမှာမှ ပါဝင်ဖို့ အစီအစဥ်မရှိဘူးလို့ ပြောထားတာမလား”

“ သူပြောခဲ့သလိုပဲ၊ အဲလိုဆိုရင်တောင် ငါတော့ အဲဒီလူကို ရုပ်ရှင်ဧကရာဇ်ယဲ့ ဖြစ်စေချင်သေးတယ်”

“ ဘာမှတော့ ဆက်စပ်မှုမရှိဘူးမလား၊ ငါတို့တွေ ဒီနေရာမှာ အမျိုုးသမီး သရုပ်ဆောင် အကြောင်း ပြောနေကြတာလေ၊ အမှန်အတိုင်းပြောရရင် တရားဝင် ကြေငြာချက်မှာ ချောင်မော့ယွီလို့ ပြောထားတာက ပိုတောင် အံ့ဩစရာကောင်းသေးတယ်”

“ မဖြစ်နိုင်တာ၊ အဲဒီ ချောင်မော့ယွီဆိုတာ ဘယ်သူလဲ၊ သူမက  ‘ရှန်းရှီ’မှာပါလာတဲ့ စာသား ဆယ့်ရှစ်ကြောင်းပဲ ပြောရတဲ့ သရုပ်ဆောင်ငယ်ငယ်လေး မလား၊ သူမက အခန်းအများကြီးတောင် မပါလိုက်ဘူးလေ ဒါကို သူမက ဘယ်လိုများ အမျိုးသမီးဇာတ်ဆောင်နေရာကို ရသွားတာလဲ”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now