အခန်း(၆) Tsundere

5K 466 2
                                    

အခန်း(၆) Tsundere

လော့လော့သည် မည်သူကမှ သူ၏ အပြုံးကို မမြင်နိုင်စေရန်အတွက် သူ့မျက်နှာကို ဝှက်ထားလိုက်သည်။ ကလေးက အငိုတိတ်သွားလေတော့ သူတို့ သုံးယောက်ဟာ အိမ် တူတူပြန်သွားကြလေသည်။

ဒီမူလခန္ဓာကိုယ်ပိုင်ရှင်၏ အိမ်ဟာ အတော်လေးကောင်းပေသည်။ ထိုအိမ်အား သူမက ချောင်မိသားစု အနွယ်ဝင် ဖြစ်သည့်ကာလ၌ သူမအဘိုးမှ သူမကို အမွေပေးထားခဲ့လေသည်။ ချောင်မိသားစုမှ သူမ နှင်ထုတ်ခံရသော်လည်း ဒီပိုင်ဆိုင်မှုဟာ သူမပိုင်ဆိုင်မှု ဖြစ်နေဆဲပင်။

သူတို့သုံးယောက် အိမ်ထဲသို့ တူတူဝင်သွားပြီးနောက် လော့လော့က ဒူးကွေးကာ ထိုင်လိုက်ပြီး သူ့ရှူးဖိနပ်ကို အိမ်စီးဖိနပ်ဖြင့် လဲလိုက်သည်။ သူ့ လက်သေးသေးလေးတွေဟာ ဖြူဖွေးပြီး နူးညံ့နေသည်။ အိမ်စီးဖိနပ်လေး ဝတ်ပြီးသည်နှင့်လော့လော့ဟာ သူ့ခြေတိုတိုလေးဖြင့် ခြေသံခပ်ဖွဖွပြုကာ သူ့အခန်းဆီသို့ပြေးသွားလေ၏။

ထို ကောင်လေး မတော်တဆချော်လဲသွားမည်ကို စိုးရိမ်တာကြောင့် ချောင်မော့ယွီသည် စိုးရိမ်တကြီးဖြင့်

"ပေါင်ပေ့  ဖြည်းဖြည်းသွား မလဲကျစေနဲ့နော်"

သူ့မာမား၏ အော်သံကို ကြားလိုက်သည်နှင့် ထို ကလေးသေးသေးလေးဟာ မရပ်လိုက်ခင်အထိ နောက်ထပ် ခြေနှစ်လှမ်းခန့် ပြေးလိုက်သေး၏။ ထို့နောက် သူ့မာမားဘက်သို့ လှည့်ကာ လေးနက်တည်ကြည်မှုဖြင့်

"လော့လော့က အရွယ်ရောက်နေပြီ လဲကျတော့မှာမဟုတ်ဘူး"

ချောင်မော့ယွီသည် ရယ်လိုက်ပြီးတော့ ဇာတ်ကြောင်းအရ ဒီမူလခန္ဓာကိုယ်ပိုင်ရှင်ဟာ ကလေးတွေနှင့် ဘယ်လိုရင်းရင်းနှီးနှီးဆက်ဆံရမလဲ ဆိုသည်ကို လုံးဝမသိသည့်လူစားမျိုး ဆိုတာကို မှတ်မိသွားသည်။

အမျိုးသမီးဒုတိယဇာတ်ကောင်က ရှင်းရီချန်အပေါ်မှာပဲ ရူးရူးမူးမူးစွဲလမ်းပြီးချစ်နေမိတော့ အမြဲတမ်းလိုလို ရှင်းရီချန်နောက်ကို လိုက်နေပြီး ကလေးအတွက် တာဝန်ယူပေးရန် အမြဲအနောက်ကလိုက်နေလေ့ရှိသည်။ ပြီးတော့ ကလေးကိုလည်း ရေရေရာရာ သိပ်ဂရုမစိုက်တတ်ပေ။ ဒီမူလခန္ဓာကိုယ်က လော့လော့အပေါ်၌ မတရားဆက်ဆံတာမျိုးတော့ မရှိပေမဲ့လည်း ကလေးကိုလည်းဂရုမစိုက်တတ်သလို ကလေးအပေါ်မှာလည်း အချိန်ပေးခြင်း မပြုတတ်ပေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now