အပိုင်း (၁၈၉) ကိုယ့်ရဲ့ရွှေငါးလေး (၁)

1.8K 225 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၈၉) ကိုယ့်ရဲ့ရွှေငါးလေး (၁)

နောက်တစ်နေ့တွင် ချောင်မော့ယွီ၏ရိုက်ကူးရေးသည် အတန်ပင်ခက်ခဲလေသည်။

မနက်ပိုင်းတွင် သူမသည် အလွန်အလုပ်များလွန်းသဖြင့် နေ့လယ်စာစားချိန်ရောက်သည်အထိ ရေတစ်ငုံပင် မသောက်နိုင်ချေ။ ထို့နောက်တွင် ရှင်းအုပ်စုနှင့် ချောင်အုပ်စုတို့သည် လုပ်ငန်းများကို ဆက်လက် လက်တွဲသွားမည်ဟူသည့်သတင်းကို ရိုက်ကူးရေးအဖွဲ့သားများဆီမှာ ကြားသိခဲ့ရသည်။

ချောင်မော့ယွီ အနည်းငယ် အံ့ဩသွားသော်လည်း ဤလောကတွင် ထာဝရရန်သူမဟူ၍မရှိဘဲ ထာဝရအကျိုးအမြတ်သာ ရှိသည်ဟု ခံစားမိလိုက်လေသည်။ သူမသည် ထိုကိစ္စကို အတင်းစကားတစ်ခုအဖြစ်သာ သတ်မှတ်လိုက်သာ်လည်း နောက်ရက်အနည်းငယ်အကြာတွင် အလွန်ပြင်းထန်သည့် သတင်းနောက်တစ်ခုသည် မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့လေသည်။

ထိတ်လန့်အံ့ဩဖွယ်သတင်းခေါင်းစဥ်မှာ _

[ချောင်စီးပွားရေးအုပ်စု ဥက္ကဋ္ဌ ချောင်ကျိုးဟိုင် လွန်ခဲ့တဲ့ဆယ်နှစ်က အမျိုးသမီးတစ်ယောက်ကို တရားမဝင် သတ်ခဲ့ပြီး သူ့ဇနီးသည်နှင့်အတူ ပူးပေါင်းကြံစည်ခဲ့သည်။  အမျိုးသမီးမှာ ချောင်ကျိုးဟိုင်၏ အမြှောင်မယားဖြစ်နေပြီး ရဲများက စုံစမ်းမှုကို စတင်ပြုလုပ်.....]

ကျောက်တုံးတစ်တုံးသည် ရေလှိုင်းပေါင်းတစ်ထောင်ကို ဖြစ်သွားစေနိုင်၏။ ထိုသတင်းကို ကြားလိုက်ပြီးနောက်တွင် ထိုရေလှိုင်းများသည် သူမကို လုံဝရှော့ခ်ရသွားစေတော့သည်။

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကတဲ့....

ချောင်မော့ယွီသည် ထိုအချိန်ကို ပြန်ရောက်သွားပြီး စဥ်းစားမိလိုက်၏။

အဲဒါက မူလခန္ဓာကိုယ်ပိုင်ရှင်က ရှင်းရီချန်ကို ကယ်ခဲ့တဲ့နှစ်မလား။

သူမသည် ဖုန်းကိုဖွင့်ကြည့်လိုက်ရာ သတင်းများသည် အင်တာနက်တခွင် ပျံ့နှံ့နေပြီး “မီး” ဟူသည့်စာလုံးက သူမ၏အကြည့်ကို ဖမ်းစားထားတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now