အပိုင်း (၅၇) မျိုးရိုးဗီဇစစ်ဆေးမှုရလဒ် (၃)

4.5K 423 2
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၅၇) မျိုးရိုးဗီဇစစ်ဆေးမှုရလဒ် (၃)

ဆယ်မိနစ်ကြာပြီးနောက်  ချောင်မော့ယွီသည် လော့လော့လေး၏ လက်သေးသေးလေးကို ဆွဲကာ နှစ်ယောက်သား အတူတူ ထွက်လာခဲ့သည်။

သူမသည် မကြာမီကမှ လူသိများလာသည်ဖြစ်ရာ သူမကိုယ်သူမ သေချာရုပ်ဖျက်ထားရပေမည်။

လော့လော့လေးသည် လိမ္မာ နေလေသည်။ ရုပ်ရှင်ရုံကို မသွားမီ သူတို့သည် ကလေးကစားကွင်းသို့ ဝင်လိုက်သည်။

ချောင်မော့ယွီသည် သူမ၏ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး သူမ၏ဆံပင်ကို နောက်တွဲဆံထုံးထုံးပြီးနောက် သူမ၏မျက်နှာကို မိတ်ကပ်မနုမရင့်ခြယ်လိုက်သည်။ နောက်ဆုံး မိက်ကပ်ပုတ်ပြီးသွားချိန်တွင် သူမသည် ထာဝရရှင်သန်သူတစ်ယောက်နှင့် ဆင်တူနေတော့သည်။

တစ်ချိန်ထဲတွင် ချောင်မော့ယွီသည် သူမ၏သားခေါင်းပေါ်တွင် ဆံပင်တုတစ်ခုကို စွပ်ပေးလိုက်လေသည်။ သူလေး၏ကလေးဆံပင်ပါးပါးလေးသည် သူ့ကို သည်းမခံနိုင်ဖြစ်စေမည်ကို စိုးရိမ်နေမိသည်။ လော့လော့လေး၏ ခေါင်းသေးသေးလေးကို ဆံပင်တုတစ်ခုက ဖုံးကွယ်ထားရာ ပိုးတုံးလုံးလေးသည် ရှေးခေတ် လမ်းပေါ်က ကောင်ကလေးတစ်ယောက်အသွင် ချက်ချင်း ပြောင်းသွားကာ အလွန်ချစ်စဖွယ်ဖြစ်နေတော့သည်။

ချောင်မော့ယွီသည် သူလေးကို ကောက်ချီလိုက်ပြီး မျက်နှာလေးကို အခါခါ နမ်းရှုံ့လိုက်၏။ ထို့နောက် သူလေး၏လက်ကို တွဲကာ ကလေးကစားခန်းမှ ထွက်လာလိုက်သည်။

သူတို့၏ ထူခြားသော အဝတ်အစားစတိုင်က ယောက်ျားသားများ၏ အကြည့်ကို ဆွဲဆောင်နေတော့သည်။ သို့သော် ချောင်မော့ယွီ ဂရုမစိုက်ပါ။ သူမနှင့် သူမ၏သားလေးတို့သည် သူတို့၏နောက်သွားရောက်မည့်နေရာသို့ ထွက်သွားလိုက်ကြသည်။

ဒါရိုက်တာများနှင့် သရုပ်ဆောင်အားလုံးသည် ရုပ်ရှင်ပွဲမစမီ နာရီဝက်အလိုကတည်းက ရောက်ရှိနေကြသည်။ ဒါရိုက်တာသည် ရုပ်ရှင်ကားငယ်တစ်ကားရိုက်ရန် ပြီးခဲ့သည့် သုံးနှစ်တာကာလလုံးတွင် အလွန်ကြိုးစားခဲ့သော်လည်း ရိုက်ရှင်ရိုက်ခြင်း ၊ တည်းဖြတ်ခြင်းနှင့် ရုပ်ရှင်ရုံများနှင့် ညှိနှိုင်းခြင်း လုပ်ငန်းစဥ်များတွင် အဆင်ပြေပြေ မရှိလှပေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now