အပိုင်း (၁၈၈) လွမ်းတယ် (၃)

1.8K 235 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၈၈) လွမ်းတယ် (၃)

သို့ရာတွင် ထိုအခိုက်အတန့်၌ ချောင်မော့ယွီသည် ယဲ့ဖေးချန်းပြောလိုက်သည့် ‘ ကျွန်တော်တို့ ကလေးတွေရလာရင်’ဟူသည့် စကားကိုကြားလိုက်ချိန်တွင် သူမသည် ဟွမ်ချူ၏အထင်အမြင်ကို ဂရုမစိုက်နိုင်တော့ဘဲ အတွေးနစ်သွားတော့သည်။

သူ ဒီလောက်အထိတောင်စဥ်းစားထားတာတဲ့လားဟင်။

အစီအစဥ်ကို အောင်မြင်စွာရိုက်ကူးပြီးစီးသွားပြီးနောက် အားလုံးသည် ရွာသားများကို နှုတ်ဆက်ကာ မြို့ကို ပြန်လာကြလေသည်။

ချောင်မော့ယွီသည် အိမ်သို့ပြန်ရောက်ချိန်တွင် မိုးချုပ်နေပြီဖြစ်၏။ သူမသည် တံခါးဖွင့်လိုက်ချိန်တွင် ထူးထူးဆန်းဆန်းရနံ့တစ်ခုကို ရလိုက်လေသည်။

သူမ၏နှလုံးသားသည် တင်းကျပ်သွားပြီး ကြောင်လေးတစ်ကောင်ကို မြန်မြန်ရှာလိုက်လေသည်။

လော့လော့သည် လက်ထဲတွင် ဒူရင်းသီးစိတ်လေးတစ်ခုကို ကိုင်ထား၏။ ဒူးရင်းသီးမှာ မြည့်နေပြီး အသားများမှာလည်း ထူကာပျော့အိနေသည်။ နောက်ဆုံးတွင် ကောင်လေး၏မျက်နှာနှင့် လက်များတွင် အဝါရောင်ဒူးရင်းသီးနှစ်များ ပေကျံနေတော့သည်။

သူသည် ချောင်မော့ယွီကို မြင်လိုက်သောအခါ သူ့မျက်လုံးလေးများသည် တောက်ပသွားပြီး သူမဆီသို့ မြန်မြန်ပြေးသွားလိုက်လေသည်။

“မာမား”

ချောင်မော့ယွီသည် ဒူးရင်းသီးနံ့ကို မကြိုက်သော်လည်း လော့လော့က သူမဆီသို့ ဝမ်းသာအားရနှင့် ပြေးလာသည်ကို မြင်သောအခါ သူ့ကို တွန်းထုတ်လိုက်ဖို့ မတတ်နိုင်တော့ပေ။ သူမသည် လက်ကို ဆန့်လိုက်ပြီး လော့လော့ကို ချီလိုက်၏။

“ မေမေ့သားလေးက အရမ်းချစ်ဖို့ကောင်းတာပဲကွာ”

အာ ဒီကလေး ဒူးရင်းသီးတွေ ပေမနေရင် ပိုကောင်းမှာပဲဟယ်။

“မာမား ဒူးရင်းသီး အရမ်းစားလို့ကောင်းတယ်”

လော့လော့သည် သူ့လက်ထဲမှာ ဒူးရင်းသီးစိတ်ကို ချောင်မော့ယွီထံ လှမ်းပေးလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now