အပိုင်း ( ၁၅၃) ကိုယ့်ကိုမငြင်းပါနဲ့နော် (၂)

3K 376 5
                                    

ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၅၃) ကိုယ့်ကိုမငြင်းပါနဲ့နော် (၂)

သူမသည် ယဲ့ဖေးချင်း၏စကားကို မကြားသယောင် စာကြည့်ခန်းဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်လေသည်။

စာကြည့်ခန်းထဲမှအလင်းရောင်သည် အလွန်တရာလင်းလက်နေရာ သူမသည် ငရဲမှ လွတ်လာပြီး အလင်းကို ပြန်ရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။

“လော့လော့ ပြန်လာပြီပဲ”

ဖေကြီးယဲ့သည် လော့လော့ကို ကြည့်နေရင်းမှ သူ့ကို ပို၍ ချစ်လာတော့သည်။ သူသည် ချောင်မော့ယွီ၏လက်ထဲမှ လော့လော့ကို ပွေ့ချီလိုက်ပြီး သူ့ကိုကြည့်ကာ

“သားလေးက ဘယ်လိုရေတွက်ရလဲဆိုတာသိလား၊ ဘိုးဘိုး လော့လော့ကို ရေတွက်နည်း သင်ပေးမယ်လေ”

ကောင်ကလေးသည် လူကြီးတို့၏ လောကသဘာဝကို မသိသော်ငြား သူသည် အကောင်း အဆိုးကိုတော့ အလိုလို နားလည်နေ၏။ သူသည် ဖေကြီးယဲ့ကို ယဲ့ဖေးချင်းကဲ့သို့ ကြောက်မနေချေ။ သို့နှင့် သူသည် ခေါင်းလေးကို ညိတ်ကာ သေသေချာချာ ပြန်ဖြေလိုက်၏။

“ လော့လော့ ဘယ်လိုရေတွက်ရမလဲဆိုတာ သိတယ်”

ထိုသို့ပြောလိုက်ပြီးနောက် သူသည် တစ်မှစကာ နှစ်ဆယ်အထိရေတွက် ပြလိုက်၏။ ဖေကြီးယဲ့သည် ကလေးလေးက တစ်ရာအထိ ရေတွက်ပြနေသည်ကို အာရုံစိုက်နားထောင်လိုက်၏။ သူသည် ပြုံးလိုက်ပြီး

“ လော့လော့ သားရဲ့ဦးဦးကလေ သူငယ်ငယ်တုန်းကလဲ အရမ်းဉာဏ်ကောင်းတာပဲ၊ ဒါပေမဲ့ သူငယ်ငယ်တုန်းက ၂၀ အထိပဲ ရေတွက်တတ်တာ”

လော့လော့သည် အပြစ်ကင်းစွာ ပြန်ဖြေလိုက်လေသည်။

“လော့လော့ လဲ ၁၀၀ ကို ရေတွက်တတ်တာ မကြာသေးဘူး”

အခန်းထဲရှိ လူအားလုံးသည် လော့လော့နှင့် အတန်ကြာအောင် ကစားပေးလိုက်ကြ၏။ ချောင်မော့ယွီသည် အချိန်ကိုကြည့်လိုက်ပြီး ဖေကြီးယဲ့ဖက်သို့ လှည့်ကာ ပြောလိုက်၏။

“ အန်ကယ်ယဲ့ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်ရှင်၊ လော့လော့က စောစောအိပ်ရာဝင်ရမှာမလို့ ကျွန်မတို့ ပြန်လိုက်ပါအုံးမယ်ရှင့်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now