အခန်း(၂၅) ကာကွယ်ပေးခြင်း(၁)

4.5K 435 1
                                    

ဘာသာပြန်သူ - Yuu Ki

အခန်း(၂၅) ကာကွယ်ပေးခြင်း(၁)

ရှင်းဝမ်ရွှမ်းက ရုတ်တရက် ထရပ်လိုက်ပြီး သူမ အပြာရောင်စကတ်ပေါ်မှ အနီရောင်ကွက်ကို  နောင်တရစွာ စိုက်ကြည့်လိုက်မိသည်။ သူမ၏ နူးညံ့သည့် မျက်ခုံးများက တွန့်ချိုးသွားပြီး

"ညီမရဲ့ အရေအတွက် အကန့်အသတ်နဲ့ထုတ်ထားတဲ့ ဗီရို စကတ်လေးတော့ သွားပါပြီ"

သူမ နံဘေးမှ ရှင်းရီချန်းက တစ်ရှူးကမ်းပေးလိုက်ပြီး အပြုံးနုနုလေးဖြင့် သူမကို နှစ်သိမ့်ပေတော့သည်။

"ကိစ္စမရှိပါဘူး ကိုကို မင်းကိုနောက်တစ်ထည်ထပ်ဝယ်ပေးမယ်လေ"

"ကိုကို"

ရှင်းဝမ်ရွှမ်းက စိတ်အားထက်သန်စွာဖြင့် ရှင်းရီချန်ကို တိုင်တောလေသည်။

"ဒီဟာတွေအားလုံးက ချောင်မော့ယွီရဲ့အမှားတွေပဲ၊ လူတွေများ မျက်လုံးကန်းနေကြတာလား မသိတော့ပါဘူး"

ရှင်းရီချန် ဘာမှမပြောဘဲ ငြိမ်နေသည်ကို မြင်လိုက်ရသဖြင့် ရှင်းဝမ်ရွှမ်း၏ ရေခဲတမျှ အေးစက်လှသည့် မျက်ဝန်းများက သူ့အပေါ် ကျရောက်လာပြီး

"ကိုကို ရုတ်တရက်ကြီး ဒီချောင်မော့ယွီအပေါ်  ခံစားချက်ရှိသွားတာတော့ မဟုတ်လောက်ပါဘူးနော်"

ရှင်းရီချန်ကလည်း ရှင်းဝမ်ရွှမ်းကို ပြန်စိုက်ကြည့်လိုက်ကာ ခေါင်းခါပြလိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သူ့စကားကို သက်သေပြဖို့ရန်အတွက် ရှင်းရီချန်က နှာခေါင်းရှုံ့လိုက်ကာ အေးတိအေးစက်ဖြင့်

"ဒီမိန်းမက ဘာပဲဝတ်ဝတ် ဘာအဝတ်မှ မဝတ်ထားသလိုမျိုး ကြည့်ရရုပ်ဆိုးတယ်"

ရှင်းဝမ်ရွှမ်းက အစပထမက သူမ၏ ပျက်စီးသွားသောစကပ်ကြောင့် မပျော်မရွင်ဖြစ်နေသော်လည်း သူမအစ်ကို စကားကို ကြားလိုက်ရသဖြင့် စိတ်အခြေအနေပြန်လည်ကောင်းမွန်လာပေသည်။ ရှင်းဝမ်ရွှမ်းက ရုတ်တရက် တောက်တောက်ပပ ပြုံးလိုက်ပြီး

"ဟုတ်တယ်၊ မမရို့ဟွမ်လောက်တောင် မချောဘူး"

ထိုနောက်

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now