အပိုင်း (၁၉၁) ကိုယ့်ရဲ့ရွှေငါးလေး (၃)

1.4K 189 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၉၁) ကိုယ့်ရဲ့ရွှေငါးလေး (၃)

ချောင်မော့ယွီသည် တံခါးမှနေ၍ နောက်ဆုတ်လိုက်ပြီး ‘ ဝင်လာလေ’ ဟုပြောမည်ပြင်လိုက်စဥ် သူသည် အထဲသို့ လှမ်းနှင့်ပြီးဖြစ်ကာ သူမကို ပွေ့ဖက်ထားလိုက်သည်။

ည၏အေးစိမ့်စိမ့်လေသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ရစ်တွယ်နေပြီး ပါးလွှာသည့် အဝတ်အစား ဝတ်စားထားသည့် သူမကို တုန်ယင်သွားစေတော့သည်။

“ဘာဖြစ်လို့လဲ”

သူမသည် ဘာမှမဖြစ်ဟန်ဖြင့် ခေါင်းမော့ကာ မေးလိုက်လေသည်။

“ ဘာလို့ရောက်လာတာလဲဟင် ၊ တစ်ခုခုဖြစ်လို့လား”

အမှန်တွင် သူတို့သည် နေ့ခင်းက ရိုက်ကူးရေးတွင် တွေ့ခဲ့ကြပြီး နေ့လယ်စာပင် အတူတူ စားခဲ့ကြသေးသည်။

“ မော့ယွီလေး ညီမ တစ်ခုခုဖြစ်နေပြီလို့ ကိုယ်ထင်လိုက်မိတာလေ”

ယဲ့ဖေးချန်း၏အသံသည် စိုးရိမ်ပူပန်မှုကြောင့် လေးလံနေပြီး ခေါင်းငုံ့ကာ သူမ၏နဖူးကို နမ်းလိုက်လေသည်။

“ ညီမ ဘာမှမဖြစ်ပါဘူး”

ချောင်မော့ယွီသည် ယဲ့ဖေးချန်းရောက်လာသည်မှာ သူမကို ဆူပူရန်မဟုတ်လျှင် ထိပ်တိုက်တွေ့ရန် ဟုထင်ခဲ့၏။ သို့သော် သူ့သဘောထားသည် သူမကို တနည်းနည်းဖြင့် သေချာမသိနိုင်အောင် ဖြစ်နေစေတော့သည်။

“ ခုနက ကိုယ်ဖုန်းထဲမှာ မေးခဲ့တဲ့မေးခွန်းကို အထင်လွဲသွားတာလားဟင်”

သူ မေးလိုက်၏။

သူမသည် အားတင်းကာ ပြုံးလိုက်ပြီး

“ ဟင့်အင်း”

ယဲ့ဖေးချန်းသည် ချောင်မော့ယွီ သေချာပေါက်အထင်လွဲသွားသည်ကို သိလိုက်၏။ သူသည် တစ်လမ်းလုံး အလျင်စလိုဖြင့် အပြေးလာခဲ့ရာ သူ့ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန်းများပင် ရှိနေသေးသည်။ သို့သော် လက်ရှိအခြေအနေသည် ထိုအကြောင်းကို ပြောရန် အချိန်ကောင်းမဟုတ်သည်ကို သိလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now