အပိုင်း (၁၄၂) ပြင်းရှတဲ့အနမ်း (၃)

3.5K 379 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၄၂) ပြင်းရှတဲ့အနမ်း (၃)

ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို သူ့လက်မောင်းထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထား၏။ ရှင်းရီချန်ဘက်မှ ကြည့်လျှင် ယဲ့ဖေးချန်း၏ အရပ်အမောင်းကြောင့် ချောင်မော့ယွီ၏ အဝတ်အစားနှင့် သူ့ကို နင်းခဲ့သည် ဒေါက်မြင့်ဖိနပ်တစ်ရံကိုသာ မြင်ရလေသည်။

သူ့စိတ်ထဲတွင် ထင်မြင်ချက်မည်မျှပေးနေပါစေ သူ့မျက်စိရှေ့တွင် မြင်နေရာသည့် အရာကိုတော့ မလွှမ်းမိုးသွားနိုင်ချေ။ ရှင်းရီချန်သည် ထိုသူနှစ်ယောက် မခွဲတမ်း နမ်းနေသည်ကို စိုက်ကြည့်နေရင်း သူ၏စွဲကိုင်ထားသည့် ခိုင်မာသည့် ယုံကြည်ချက်သည် နောက်ဆုံးတွင် စတင်ကွဲအက်သွားတော့သည်။ မသိမသာ ထိမိလိုက်ရုံဖြင့် ကွဲအက်သွားမည်မှာ သေချာပေသည်။

သူမ၏နှလုံးသားထဲတွင် သူတစ်ယောက်သာ ရှိခဲ့သည့် ထိုမိန်းမငယ်လေးသည် နောက်ဆုံးတွင် တခြားတစ်ယောက်ကို စတင်ချစ်မြတ်နိုးသွားတော့သည်။

ငယ်ငယ်ကတည်းက ကိုကိုရီချန်လို့ ချစ်စနိုးခေါ်တတ်တဲ့ ကောင်မလေး။

သူ့မွေးနေ့တိုင်းမှာ သူ့ကိုပေးဖို့ ကြိုးကြားငှက်ရုပ်တွေခေါက်ပြီး သူမကိုယ်တိုင်လုပ်ထားတဲ့ ပန်းစည်းတွေ လုပ်ခဲ့တဲ့ ကောင်မလေး။

သူမကိုယ်တိုင် မြည်းစမ်းတာမျိုးမရှိဘဲ သူ့အတွက် အကြိမ်ကြိမ် ချက်ပြုတ်ပေးခဲ့တဲ့ မိန်းကလေး။

သူ့အသက် ၁၇နှစ်တုန်းက ငရဲခန်းတံခါးကနေ ဆွဲထုတ်ပေးခဲ့တဲ့ မိန်းကလေး။

ဘာအားစိုက်ထုတ်မှုမှမလုပ်ရဘဲ နဂိုကတည်းက သူရရှိထားတဲ့ ယုံကြည်ချက်နဲ့ ပိုင်ဆိုင်ခဲ့တဲ့အရာက တစ်နေ့မှာ တခြားတစ်ယောက်ကို ပေးလိုက်ရတော့မယ်တဲ့လား။

သူ့ခေါင်းပေါ်မှ မီးရောင်များသည် တိတ်ဆိတ်ငြိမ်သက်မှုကြောင့် တဖြည်းဖြည်း မှိတ်သွားတော့သည်။ ထောင့်တစ်နေရာမှ လူနှစ်ယောက်ကို မမြင်ရတော့ချိန်တွင် ရှင်းရီချန်သည် သူ့နှလုံးသားထဲတွင် ဖော်ပြလို့မရသည့် ဟာဟာတာတာခံစားချက်တစ်ခုကိုသာ ခံစားလိုက်ရတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now