အပိုင်း (၁၄၀) ပြင်းရှတဲ့အနမ်း (၁)

3.8K 392 5
                                    

ဘာသာပြန်သူ Yuuki

140

အပိုင်း (၁၄၀) ပြင်းရှတဲ့အနမ်း (၁)

ချောင်မော့ယွီသည် ကြားလိုက်ရသည့်စကားကြောင့် တုန်လှုပ်သွားတော့သည်။

ဘာလို့များ အမျိုးသားဇာတ်ဆောင်နဲ့ ဇာတ်ပို့အမျိုးသားဇာတ်ဆောင်က အပြန်အလှန် တိုက်ခိုက်နေကြတာတဲ့လဲ။ နှစ်ယောက်သားတိုက်ပွဲ မစခင်မှာပဲ ဘာဖြစ်လို့ သေနတ်မောင်းက ငါလေးဖက်ကို လှည့်လာတာတဲ့လဲ။

သူမသည် ထိုနေရာတွင်ရပ်လျက် ယဲ့ဖေးချန်းနှင့် ရှင်းရီချန်ကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိတော့သည်။

ကံအားလျော်စွာ ရှင်းရီချန်သည် ယဲ့ဖေးချန်း၏ သဘောထားကို ပို၍စိတ်ဝင်စားသွားတော့သည်။ အကျိုးဆက်အနေဖြင့် သူသည် သူ့ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ချောင်မော့ယွီထံမှ အနည်းငယ် ခွာလိုက်လေသည်။ သူသည် ယဲ့ဖေးချန်းကို တည်တည်ငြိမ်ငြိမ်အကြည့်တစ်ခုနှင့် အကဲခတ်လိုက်ပြီးနောက် ပြုံးကာ ပြန်ဖြေလိုက်၏။

“မစ္စတာယဲ့က ဟာသပြောတဲ့နေရာမှာ သိပ်တော်တဲ့ပုံပဲ”

ထိုအချိန်တွင် ယဲ့ဖေးချန်းသည် ချောင်မော့ယွီနှင့် ရှင်းရီချန် အနားသို့ရောက်လာလေသည်။ သူသည် ရှင်းရီချန်၏စကားကို အာရုံမထားဘဲ ချောင်မော့ယွိကိုကြည့်ကာ ပြောလိုက်၏။

“မော့ယွီလေး ဒီဖက်လာခဲ့”

သူ့စကားလုံးများသည် တည်ငြိမ်သော်လည်း ထိုစကားလုံးများထဲတွင် လူတွေကို ငြင်းဆန်ရန် မတတ်နိုင်စေသည့် အရှိန်အဝါတစ်ခု ပါဝင်နေသည်။

ချောင်မော့ယွီသည် တံတွေးကို မျိုချလိုက်တော့သည်။

ဒီနေ့ ငါလေးဆီမှာ ဘာတွေ လာဖြစ်နေတာလဲဟယ်။ ငါလေးရဲ့ လှုပ်ရှားမှုတွေကို ချုပ်ကိုင်ဖို့အခွင့် ယဲ့ဖေးချန်းကိုလဲ ငါလေး မပေးခဲ့မိဘူးထင်ပါတယ်။

ချောင်မော့ယွီ၏ မလှုပ်မယှက်အခြေအနေကို မြင်လိုက်ရပြီးနောက် ယဲ့ဖေးချန်း၏လက်သည် သူ့ပေါင်ကို ပုတ်နေလိုက်လေသည်။ သူသည် သူ့သားကောင်က နောက်ဆုံးတွင် သူ့ဆီသို့ ရောက်ရှိလာမည့် ယုံကြည်မှုအပြည့်ရှိသည့် မျက်လုံးတစ်စုံရှိသည့် စိတ်ရှည်လှသည့် မုဆိုးတစ်ယောက်နှင့် တူနေတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now