အပိုင်း (၁၃၁) ငါ့ကိုလဲခေါ် (၁)

3.4K 389 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
131
အပိုင်း (၁၃၁) ငါ့ကိုလဲခေါ် (၁)

ရှင်းရီချန်သည် ချောင်ရို့ဟွမ် လာနေသည်ကို မြင်လိုက်ရသဖြင့် သူ့ notebookကို ပိတ်လိုက်ပြီး ထရပ်လိုက်သည်။

“ အခုပဲ ပြီးတယ်”

ချောင်ရို့ဟွမ်သည် ပျော်ရွှင်မှုအပြည့်ဖြင့် ပြောလိုက်၏။

“ ဒါဆို အနားယူကြမယ်”

ရှင်းရီချန်သည် ခေါင်းညိတ်ပြလိုက်၏။

“ ကိုယ် ရေအရင်ချိုးလိုက်အုံးမယ်”

သူသည် ထိုသို့ပြောလိုက်စဥ်မှာပင် ချောင်ရို့ဟွမ်သည် သူ့ရှေ့ရောက်လာ၏။ သူမသည် လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် သူ့လည်ပင်းကို သိုင်းဖက်လိုက်လေသည်။

“ ကိုကိုရီချန် ရှင်းစီးပွားရေးအုပ်စုနဲ့ ချုပ်ထားတဲ့ ညီမရဲ့စာချုပ်က ပြည့်တော့မယ်နော်....”

“ မြန်လှချည်လား”

ရှင်းရီချန်သည် အမှတ်တမဲ့ ပြန်မေးလိုက်၏။

ရှင်းစီးပွားရေးအုပ်စုသည် သရုပ်ဆောင်များကိုငှားရမ်းရာတွင် သာမန်အားဖြင့် တစ်နှစ်တာစာချုပ်သာ ချုပ်ဆိုလေ့ရှိသည်။ သို့သော် ချောင်ရို့ဟွမ်သည် ရှင်းရီချန်၏ချစ်သူဖြစ်သောကြောင့် နှစ်နှစ်စာချုပ် စံချိန်ချိုးကာ နှစ်နှစ်စာ စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။

သူတို့ စေ့စပ်ခဲ့ကြသည်မှာ လွန်ခဲ့သည့်နှစ်နှစ်က ဆိုလျှင်လည်း ဟုတ်ပေသည်။ ရှင်းရီချန်သည် အနည်းငယ် သတိလွတ်သွားတော့သည်။

နှစ်နှစ်က ဒီလိုပဲ ကုန်သွားတာတဲ့လား။

“ အင်း ၊ နောက်ရက်အနည်းငယ်ဆိုရင် ညီမတို့ ချစ်သူသက်တမ်း နှစ်နှစ်ပြည့်တော့မှာ”

ချောင်ရို့ဟွမ်၏လက်ချောင်းများသည် ရှင်းရီချန်၏ခန္ဓာကိုယ်ကို ကျီစယ်နေ၏။

“ အရင်တုန်းက ညစာစားပွဲအတွက် ရက်ချိန်းတွေကို ဝမ်ရွှမ်းကပဲလုပ်ပေးတာ၊ ဒါပေမဲ့ အခုတော့ သူမက ညီမကို ဂရုမစိုက်ဘူးလေ၊ ဒီနေ့ စျေးထဲကကိစ္စက တကယ်အထင်လွဲနေတာပါ၊ ဒါကြောင့် ကိုကို ညီမအတွက် သူမကို ပြောပေးရမယ်နော်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now