အပိုင်း (၁၆၉) ဖျက်ဆီးခံရခြင်း (၃)

2.7K 307 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၆၉) ဖျက်ဆီးခံရခြင်း (၃)

ချောင်ရို့ဟွမ်၏ ဖျော်ဖြေရေးလောက အတွေ့အကြုံကို ပြန်ကြည့်ခြင်းဖြင့် သူမ၏ကိုယ်ရေးအကျဥ်းသည် သင်ကြားရေးစာအုပ်ထဲမှ စံပြပုဂ္ဂိုလ် တစ်ယောက်လုနီးပါး ဖြစ်ခဲ့သည်။ သူမ၏ခရီးတွင် မည်သည့် ခလုတ်ကန်သင်းမှ မရှိခဲ့ချေ။

သို့သော်ငြား သည်ဗွီဒီယိုတစ်ခုက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေတော့သည်။

[ ကျောက်စိမ်းမယ်လေးက ကျောက်စိမ်းမယ်လေးတစ်ယာက် ဖြစ်သေးရဲ့လား]

[ ချောင်ရို့ဟွမ်နဲ့ ရှင်းရီချန်တို့ ပြတ်စဲရတဲ့ အတွင်းရေးလျှို့ဝှက်ချက်]

[ဒီနှစ်အတွင်း ချောင်ရို့ဟွမ်ဘေးမှာရှိခဲ့တဲ့ယောကျ်ားများ]

Weibo၏ ရှာဖွေမှုအများဆုံး ခေါင်းစဥ်ဆယ်ခုမှာ သူတို့နှစ်ယောက်နှင့် ပတ်သက်သည့် အကြောင်းများသာ ဖြစ်လေသည်။

ထိုအချိန်တွင် ရှင်းရီချန်သည် အောင်ပွဲခံညစာစားပွဲတစ်ခု တွင်ရောက်နေ၏။ သူသည် ချောင်မော့ယွီနှင့် အတူတူရှိနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသဖြင့် ပြီးခဲ့သည့် နှစ်ရက်အတွင်း စိတ်ဓာတ်ကျနေခဲ့၏။ ယနေ့လေလံအောင်ခြင်းက သူ့စိတ်နှလုံးသားထဲရှိ ဖုံးနေသည့်တိမ်ကို ကွယ်ပျောက်သွားစေတာ့သည်။

သူသည် ဧည့်သည်များနှင့် ဝိုင်သောက်နေစဥ် အမျိုးသမီးဝန်ထမ်းတစ်ယောက်သည် သန့်စင်ခန်းမှနေ၍ ဒရောသောပါးပြေးထွက်လာကာ ခန်းမကြီးထဲသို့ ဝင်လာခဲ့၏။ သူမ၏မျက်နှာအမူအရာသည် အနည်းငယ် တွေဝေနေ၏။

“စီအီးအိုရှင်း-“

အမျိုးသမီးဝန်ထမ်းသည် သန့်စင်ခန်းထဲ၌ ခဏအနားယူနေစဥ် သူမ၏ဖုန်းကို ထုတ်ကြည့်လိုက်မိသည်။ သူမသည် ရှာဖွေမှုအများဆုံးသူကို တွေ့ရှိသွား၏။ သို့သော် သူမသည် အားလုံး၏ရှေ့တွင် ထုတ်မပြောဝံ့ပေ။ သူမသည် ပို၍သီးသန့်ကျသည့်နေရာသို့ ရှင်းရီချန်ကို ခေါ်လာလိုက်ပြီးနောက် သူမ၏ဖုန်းကို ပြလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now