အပိုင်း (၁၉၆) အမှန်တရား (၂)

1.7K 227 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၉၆) အမှန်တရား (၂)

လော့လော့သည် အိပ်ရာဝင်ပုံပြင်နားထောင်ရင်း အိပ်ပျော်သွားချိန်တွင် ချောင်မော့ယွီသည် ယဲ့ဖေးချန်းထံမှ ကားပါကင်သို့ ရောက်နေပြီဖြစ်ကြောင်း စာရောက်လာ၏။ သူသည် သူမကို အဝတ်စားလဲပြီး သူနှင့်အတူ လမ်းလျှောက်ထွက်ရန် တောင်းဆိုလိုက်၏။

ချောင်မော့ယွီသည် ဓာတ်လှေကားမှ ထွက်လိုက်သည်နှင့် တပြိုင်နက် မျက်နှာပေါ်တွင် စိတ်ရှုပ်နေဟန်အမူအရာနှင့် ဝင်ပေါက်တွင်စောင့်နေသည့် ယဲ့ဖေးချန်းကို တွေ့လိုက်ရ၏။ သူသည် သူမကို တွေ့လိုက်သည့်နှင့် သူမ၏လက်ကို တန်းဆွဲလိုက်ကာ

“ မြစ်ကမ်းဘက်ကို သွားရအောင်”

ချောင်မော့ယွီ၏အိမ်နားတွင် ကျယ်ပြန့်သည့်မြစ်တစ်စင်းရှိလေသည်။ နွေရာသီညခင်းများတွင် လူများသည် မြစ်တစ်လျှောက် လမ်းလျှောက်တတ်ကြ၏။

သို့သော် ယခုမူ ရာသီဥတုမှာ အေးစိမ့်နေရာ မြစ်နားတွင် လူသူကင်းမဲ့နေလေသည်။ ယဲ့ဖေးချန်းနှင့် ချောင်မော့ယွီတို့နှစ်ယောက်လုံးသည် မက်စ်များကို တပ်ထားပြီး မြစ်ကမ်းဘေးတွင် လမ်းလျှောက်လာကြ၏။ မြစ်ဆီမှ တိုက်ခတ်လာသည့်လေသည် သူတို့အဝတ်အစား၏အနားများကို ပင့်တက်သွားစေပြီး မသိသာသည့်အေးစိမ့်စိမ့်ခံစားချက်သည် သူတို့၏ခန္ဓာကိုယ်ကို တိုးဝှေ့သွားတော့သည်။ ထိုအရာကပင် ယဲ့ဖေးချန်းကို ပို၍ စိတ်ကြည်လင်လာစေသည်။

သူသည် မြစ်ရေ၏မျက်နှာပြင်ကို ကြည့်ရင်း စကားစပြောလိုက်၏။

“မော့ယွီလေး ကိုယ့်မှာ ညီမကို ပြောပြစရာတချို့ရှိတယ်”

ချောင်မော့ယွီသည် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏အသံမှာ နူးညံ့ပျော့ပြောင်းနေ၏။

“ ဟုတ်”

“ လွန်ခဲ့တဲ့ ၃နှစ်က အကြောင်းပါ၊ ကိုယ်နဲ့ ညီမ ရဲ့အကြောင်းပေါ့”

ယဲ့ဖေးချန်းသည် ထိုသို့ပြောလိုက်ပြီး ချောင်မော့ယွီ၏မျက်ဝန်းများကို လှည့်ကြည့်လိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now