အခန်း(၁၈) အွန်လိုင်းပေါ်၌မုန်တိုင်းထန်ခြင်း (၃)

4.2K 441 7
                                    

ဘာသာပြန်သူ Yuuki

အခန်း(၁၈) အွန်လိုင်းပေါ်၌မုန်တိုင်းထန်ခြင်း (၃)

အိမ်ပြန်သည့်လမ်း၌ ယဲ့ဖေးချန်းက ဖုန်းသုံးရင်း #ရှန်းရှီဒရမ်မာရဲ့အဖြူရောင်ဝတ်စုံနဲ့အလှလေး #
ဆိုသည့်ခေါင်းစဉ်က နာမည်ကြီးနေသည်ကို မြင်လိုက်ရသည်။ သူကိုယ်တိုင် ထိုဒရမ်မာ၏ ဇာတ်ကောင်တစ်ယောက်ဖြစ်နေသောကြောင့် ထိုဗီဒီယိုကို ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မထင်မှတ်ထားသည်က မီးနီကို ဖြတ်ပြေးသည့် ကားတစ်စင်းက ယဲ့ဖေးချန်းကားရှိရာဆီသို့ တည့်တည့်ပြေးဝင်လာနေရာ ဒရိုင်ဘာ၏ အလျင်အမြန် ဘရိတ်အုပ်လိုက်မှုကြောင့်သာ ကား၌ အစင်းရာ ခပ်ပါးပါးလေး တစ်ချက်မျှသာ ခြစ်မိပြီး ပြီးသွားခဲ့သည်။

ရုတ်တရက် မတော်တဆမှုကြောင့် ယဲ့ဖေးချန်း၏ လက်ချောင်းထိပ်များက မထင်မှတ်ဘဲ weiboမှ ထိုဗီဒီယိုကို လက်မပေးမိသွားလေသည်။

တစ်ခဏလေးအတွင်း၌ ယဲ့ဖေးချန်း၏"လိုက်ခ်"တစ်ချက်က ချောင်မော့ယွီ၏ ဗီဒီယိုကို အွန်လိုင်းပေါ်၌ ထပ်မံ မုန်တိုင်းထန်ကာ ဂယက်ရိုက်စေခဲ့ပြန်သည်။

ချောင်မော့ယွီက နောက်တဖန် အင်တာနက်၌ ထိပ်ဆုံးမှ နေရာယူလာခဲ့ပြန်သည်။ ထိုတစ်ကြိမ်၌ ယဲ့ဖေးချန်းနာမည်နှင့်တွဲလျက်ဖြင့်။

အောက်ဘက် ကောမန့်မှ ယဲ့ဖေးချန်း ပရိသတ်များက အတော် စိတ်လှုပ်ရှားနေကြသည်ကို ဖော်ပြနေသည်။

"ငါ့လောင်ကုန်းက မင်းသမီးအသစ်ကို ချီးကျူးလိုက်တယ်ဟ။ မင်းသမီးအသစ်တွေကို သူ မချီးကျူးတာ ဘယ်လောက်ကြာနေပြီလဲ သုံးနှစ်လောက်ရှိပြီလားပဲ။ ဒါပေမဲ့ ဒီတစ်ယောက်က အခုမှ အနုပညာလောကထဲ စဝင်လာခါစ ရှိသေးတာကို လောင်ကုန်းက ချီးကျူးလိုက်တယ်"

"ဟဲ့ တကယ်ကြီးလား။ ငါ့နှလုံးသားလေး ပေါက်ကွဲတော့မယ်လို့ အခု ခံစားနေရပြီ "

"မိန်းကလေးမော့ယွီက လှတယ်ဆိုရင်တောင်မှ ငါတို့လောင်ကုန်းက ငါတို့ဟာပဲနော်"

ပရိသတ်များက အလွန်အမင်း စိတ်လှုပ်ရှားနေကြပေသည်။ သို့သော် ယဲ့ဖေးချန်းကသက်သောင့်သက်သာမဖြစ်စွာ ထိုကောမန့်များကို ကျော်သွားလိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now