အပိုင်း (၄၈) အတိတ်ဖြစ်ရပ် (၃)

4.1K 407 6
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၄၈) အတိတ်ဖြစ်ရပ် (၃)

အတွေးတစ်ခုသည် ချောင်မော့ယွီ၏နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့သည်။

ရှင်းရီချန်က အစကတည်း သူ့ကိုကယ်ခဲ့တဲ့သူကို  မှားပြီးမှတ်မိနေတာလား၊  အသက်ဆယ်ခုနှစ်နှစ်အရွယ် ရှင်းရီချန်က မူလပိုင်ရှင်အစား ယွီရို့ဟွမ်က သူ့ကို ကယ်ခဲ့တဲ့သူလို့ ထင်နေတာများလား။

သူမသည် ထိုအကြောင်းကို စဥ်းစားလေလေ ထိုကဲ့သို့ဖြစ်နိုင်ခြေ များလေလေဟု ခံစားလိုက်ရသည်။ ထို့အပြင် မူလပိုင်ရှင်သည် သူမ၏ဒိုင်ယာရီထဲတွင် ရှင်းရီချန်သည် သူမကုသမှုပြန်လာပြီးနောက်ပိုင်းတွင် သူမကို စိတ်ဝင်စားမှု လျော့နည်းသွားသည်ဟု ဖော်ပြထားခဲ့သည်။

ရှင်းရီကသာ သူ့အသက်ကို ယွီရို့ဟွမ် ကယ်ခဲ့တာလို့ထင်ခဲ့ရင် သူမဆီကို သွားပြီးအတည်ပြုခဲ့သင့်တာမလား။ သူ မေးတော့မေးခဲ့မှာပဲ။

ဒီလိုဆို တစ်ဖက်ကကြည့်ရင် အစကတည်းက ယွီရို့ဟွမ်က သူမဟာ ရှင်းရီချန်ကို ကယ်ခဲ့တဲ့သူပါလို့ ရည်ရွယ်ချက်ရှိရှိ ဝန်ခံခဲ့တာပေါ့။

ဒါဆို ဒီအမျိုးသမီးက......

ချောင်မော့ယွီသည် ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး အဖြစ်အပျက်များကို စီစစ်နေမိသည်။ လော့လော့လေးသည် သူလက်ထဲတွင် ကစားစရာအပြည့်ဖြင့် သူ့ကလေးထိန်းဆီသို့ သွားလိုက်သည်။ သူလေး၏ သာယာဖွယ် ချစ်စရာအသံလေးသည် တခစ်ခစ် ရယ်လိုက်တိုင်း ဧည့်ခန်းထဲမှ ပဲ့တင်သံထွက်လာသည်။

ချောင်မော့ယွီသည် လော့လော့လေးကို စက္ကန့်အတော်ကြာအောင် ငေးကြည့်ပြီးနောက် မူလပိုင်ရှင်၏ ဟိုတယ်သွားသည့် မှတ်တမ်းကို အမြန်ပြန်ကြည့်လိုက်သည်။ ရုတ်တရက်လိုပင် သူမ၏နှလုံးသားသည် ဗုံတစ်ခုလို တုန်ခါသွားတော့သည်။

သူမ၏ ဝတ္ထုဖတ်လာသောနှစ်များအတွင်း အတွေ့အကြုံအရ ဟိုတယ်အတွင်းမှ ယောကျ်ားသည် ပုံမှန်အခြေအနေ မဟုတ်သည်မှာ သေချာပေသည်။ ဤသို့ဆိုရလျှင် သူသည် ဆေးခတ်ခံထားရသည် ဖြစ်ရမည်။
ထို့အပြင် မူလပိုင်ရှင်သည် ထိုယောကျ်ားမည်သူဖြစ်သည်ကို မသိခဲ့ချေ။ ထို့အတွက်ကြောင့် ထိုညက သူမနှင့်အတူကုန်ဆုံးခဲ့သည့် ယောကျ်ားမှာ ရှင်းရီချန်ဖြစ်သည်ဟူသည့် တိကျသော အထောက်အထားမရှိချေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now