အပိုင်း (၁၃၇) အဓိကအမျိုးသားဇာတ်ဆောင်နှင့် ဇာတ်ပို့အမျိုးသားဇာတ်ဆောင် အားပြိုင်ခြ

3.2K 351 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

137

အပိုင်း (၁၃၇) အဓိကအမျိုးသားဇာတ်ဆောင်နှင့် ဇာတ်ပို့အမျိုးသားဇာတ်ဆောင် အားပြိုင်ခြင်း (၁)

သူ ငါလေးကို ချစ်တယ်လို့ ပြောလိုက်တာလားဟင်။ ငါလေးက တခြားယောက်ျားလေးတွေနဲ့ နီးနီးကပ်ကပ်နေရင် သူ စိတ်ဆိုးတယ်တဲ့လား။

ယဲ့ဖေးချန်း၏ ရုတ်တရက် ဖွင့်ဟဝန်ခံချက်သည် ချောင်မော့ယွီကို သတိလွတ်သွားစေတော့သည်။ သူမ၏နှုတ်ခမ်းများသည် တွန့်ချိုးသွားပြီး

“ အယ် ရှင် ဒီလိုနေရာ ဒါကို အတည်ကြီး ပြောနေတာလား”

သူမ၏ရှုပ်ထွေးနေသည့်အခြေအနေကို ကြည့်လိုက်ပြီးနောက် ယဲ့ဖေးချန်း၏မျက်လုံးများသည် တဖန် အသက်ဝင်လာတော့သည်။

“ ဘယ်လိုထင်လဲ”

ချောင်မော့ယွီသည် ခေါင်းခါပြလိုက်ပြီး စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်၏။

“ ကျွန်မက ဘာအတွေ့အကြုံမှ မရှိဘူး၊ ကျွန်မမသိဘူး”

“ အခုရှိပြီလေ၊ အခုသိပြီလေ”

ယဲ့ဖေးချန်းသည် ချောင်မော့ယွီထံ ကပ်သွားလိုက်သည်။ မင်ရည်ကဲ့သို့ မည်းနက်နေသည့်မျက်လုံးများသည် ချောင်မော့ယွီကို မလွတ်တမ်းကြည့်နေပြီး ခန္ဓာကိုယ်သည်လည်း ပို၍ နီးကပ်လာသည်။ သူမသည် သူ့ကို မရှောင်နိုင်တော့ဘဲ သူမ၏ကျောပြင်သည် နံရံနှင့် ကပ်နှင့်နေပြီးဖြစ်တော့သည်။

ချောင်မော့ယွီသည် အမှန်တကယ် အတွေ့အကြုံမရှိပေ။ သူမ၏ အရင်ဘဝတွင် သူမသည် ဒိုရေမွန်နှင့် တူလေသည်။ တိုတိုပြောရလျှင် သူမသည် လုံးလုံးလေးဖြစ်နေပြီး အင်မတန်ချစ်စရာကောင်း၏။

ငါလေးကို ချဥ်းကပ်လာတဲ့လူတွေက အမြဲတမ်း သူတို့အတွက် အလင်းဖွင့်ပေးခိုင်းဖို့ ရည်ရွယ်ချက်တွေနဲ့လေ။ ရည်းစားစကား ပြောခံရတာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟယ်။ လူတိုင်းရဲ့မျက်လုံးထဲမှာ ငါလေးကို ရည်းစားစကားပြောတယ်ဆိုတာကလေ နတ်ဘုရားရဲ့ သမီးတော်လေးကို ပြစ်မှားတာနဲ့တူတူပဲဟဲ့၊ သိရဲ့လား။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now