အပိုင်း (၇၁) ဆင်တူသောခံစားချက် (၃)

3.9K 409 10
                                    

ဘာသာပြန်သူ YuuKi
အပိုင်း (၇၁) ဆင်တူသောခံစားချက် (၃)

ကင်မရာကို နေရာချပြီးသည်နှင့် ဒါရိုက်တာက သူတို့ကို စ ရန် အော်ပြောလိုက်၏။

မြက်ခင်းပြင်ပေါ်တွင် ယဲ့ဖေးချန်းသည် ချောင်မော့ယွီ၏လက်ကို ကိုင်ထား၏။ သူ့လက်ဖဝါးသည် ကြီးကာနွေးနေပြီး သူမ၏လက်မှာ သေးကာ နူးညံ့နေပြီး အလွန်ပျော့ပြောင်းသဖြင့် အရိုးများမရှိသလို ထင်ရသည်။

ချောင်မော့ယွီသည် သူက သူမ၏လက်ကို ရုတ်တရက် ကိုင်လိုက်မည်မထင်မိသောကြောင့် သူမ၏ပါးများ နီမြန်းသွားလေသည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြင့် လက်ကို ပြန်ဆွဲလိုက်ပြီး သူ့မျက်လုံးကို မကြည့်ရဲပေ။ ထိုယောကျ်ားသည် သူမကို မကြည့်ဘဲ သူမ၏လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ၏စိတ်လှုပ်ရှားနေသော အကြည့်က အဝေးတစ်နေရာရှိ  ပုန်းကွယ်နေသာအရိပ်များကို ခပ်မြန်မြန် စစ်ဆေးလိုက်သည်။

ထို့နောက်တွင် တော်ဝင်တပ်မှူးလေးသည် စိတ်သက်သာသွားပြီး သူ၏ပုံမှန်သံမဏိသွေးအရှိန်အဝါက ပျောက်ကွယ်သွားတော့သည်။ ယခုအချိန်လေးတွင် သူသည် တောင်ကုန်းပေါ်က ပန်းခင်းလေးထဲတွင် သူ့ချစ်သူမိန်းကလေး၏လက်ကို တွဲထားသော ပျော်ရွှင်နေသည့်လူငယ်လေး တစ်ယောက်သာ ဖြစ်တော့သည်။ စစ်ပွဲနှင့် ရေခဲတမျှအေးစက်နေသော ဖရိုဖရဲကာလတွင် သူတို့သည် ရှားရှားပါးပါး အေးချမ်းသည့် အခိုက်အတန့်လေးကို ပျော်ရွှင်နေကြတော့သည်။

ထိုအခိုက်တွင် ချောင်မော့ယွီသည် တစ်စုံတစ်ခုကို နင်းမိကာ ခြေချော်သွားရာ ယဲ့ဖေးချန်းက သူမကို ဆွဲပွေ့လိုက်၏။ ရုတ်ခြည်းဆိုသလို သူမ၏ပျော့ပြောင်းသည့် ခန္ဓာကိုယ်သည် သူ၏မာကျောသောရင်ခွင်ထဲ ကျရောက်သွားလေသည်။ နှစ်ယောက်စလုံး လန့်သွားပြီး မျက်လုံးအိမ်များပင် ကျယ်သွားကြလေသည်။

သူမ၏မျက်လုံးများသည် သူနှင့် အကြည့်တစ်ချက်ဆုံသွားပြီး ပျာပျာသလဲ အကြည့်လွဲလိုက်တော့သည်။ သို့သော်ငြား ထိုလူ၏ မျက်ဝန်းနက်နက်တို့သည် ရီဝေဝေနှင့် သူမ၏ပါးပြင်ကို တပ်အပ်ကြည့်နေသည်ကို ခံစားမိလိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now