အပိုင်း (၆၀) အလင်းဖွင့်ခြင်း (၃)

4K 386 6
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၆၀) အလင်းဖွင့်ခြင်း (၃)

အမျိုးသားသည် လေးနက်တည်ကြည်ကာ ဘာကိုမှဂရုမစိုက်ဟန်ရှိပြီး အမျိုးသမီးသည် အေးတိအေးစက်နှင့် ထက်မြက်ဟန်ရှိသည်။ ပိုစတာကို ကြည့်လိုက်ရုံဖြင့် စစ်ပွဲနှင့် ယမ်းငွေ့များ၏ အနံ့အသက်ထဲ နစ်မြှုပ်သွားသည့်နှယ်။

သည်နေ့ ရိုက်ရမည့် အခန်းအားလုံးနီးပါးသည် ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့၏ အခန်းများဖြစ်သည်။

သည်နေ့၏ရိုက်ကွင်း အပြင်အဆင်သည်လည်း အလွန်ထူးခြားလေသည်။ သူတို့သည် အင်ပါယာမြို့တော်၏ ဘုရင်ခံနန်းတော်တွင် ရိုက်ကူးနေကြ၏။ ဘုရင်ခံနန်းတော်သည် လွန်ခဲ့သည့် နှစ်တစ်ရာနီးပါးက တည်ဆောက်ခဲ့သော သမိုင်းဝင်နေရာတစ်ခုဖြစ်သည်။
၎င်းကို သေချာစွာ ထိန်သိမ်းထားပြီး နှစ်စဥ် လာရောက်လည်ပတ်သူများမှာ သန်းချီရှိသည်။

ပြီးခဲ့သည့်ရက်အနည်းက ရုပ်ရှင်အဖွဲ့သည် အထူးထောက်ခံချက် ကြိုတင်ရရှိထားခဲ့ပြီး ထိုနေရာတွင် အခန်းအနည်းငယ်ကို ရိုက်ခွင့် ရထားသည်။

ထို့ကြောင့် လာမည့် နှစ်ရက်တွင် သူတို့သည် ရိုက်ရမည့်အခန်းအားလုံး ပြီးဆုံးရန် အချိန်ပို ဆင်းရပေမည်။

တချိန်ထဲတွင် ချောင်မော့ယွီသည် ဒါရိုက်တာဖုန်းဆီမှ ရှောင်စုယူလာသော အစီအစဥ်များကို မြင်လိုက်သည့်အခါ ဆွံ့အ,သွားတော့သည်။

အကြောင်းမှာ ဇာတ်ညွှန်း၏ ပထမအပိုင်းသည် အိပ်ရာပေါ်ကအခန်းဖြစ်နေသောကြောင့်ပင်။

သည်အခန်းသည် တပ်မှူးလေးက အမျိုးသမီးဇာတ်ဆောင်ကို သူ့အိမ်တော်သို့ ခေါ်ဆောင်လာပြီးနောက် ရိုက်ရမည့်အခန်းဖြစ်သည်။ သူမသည် သူ့ကို စက်ဆုပ်ရွံရှာသော်လည်း သူသည် သူမကို လက်မလွတ်ချင်ပေ။ အမျိုးသားဇာတ်ဆောင်က သူမက နံရံထောင့်ကို ကပ်သွားအောင်လုပ်လိုက်သည်။ သူမသည် ရုန်းလိုက်ပြီး သူ့ကို ရိုက်ရန်ကြိုးစားလိုက်သည့်အခါ နှစ်ယောက်သားသည် နမ်းလိုက်ရင်း အဆုံးသတ်သွားသည်။ ထို့နောက်တွင်....

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now