အပိုင်း (၈၆) သရုပ်မှန်ပေါ်သွားခြင်း (၃)

4.2K 447 16
                                    

ဘာသာပြန်သူ Yuuki

အပိုင်း (၈၆) သရုပ်မှန်ပေါ်သွားခြင်း (၃)

နားထောင်လိုက်ပြီး လော့လော့သည် နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ဆိုစေ သူလေးသည် အသံမထွက်သ၍ အဆင်ပြေပေမည် ဟု တွေးလိုက်လေသည်။

သူလေးသည် ပီတာပန် လိုလူမျိုးဖြစ်သွားသည်ဟု ခံစားလိုက်မိ၍လား မသိပေ။ ချောင်မော့ယွီ လက်ဆောင်ပေးထားသော ပလက်စတစ် ‘မက်မွန်ဓား’ကို ဆွဲထုတ်လိုပြီး ယဲ့ဖေးချန်းကို ချိန်ထားလိုက်လေသည်။ သူ့ ဗိုက်သေးသေးလေးကို ထုတ်ထားပြီး ခံ့ခံ့ညားညားအမူအရာနှင့် မော့ကြည့်လိုက်လေသည်။

ယဲ့ဖေးချန်းသည် ဆွံ့အသွားပြီး မတ်တတ်ရပ်လိုက်ကာ ချောင်မော့ယွီကို ကြည့်ပြီး တည်ကြည်သောလေသံဖြင့် ပြောလိုက်သည်။

“ ငါ့နောက်လိုက်ခဲ့”

ချောင်မော့ယွီသည် တစ်နည်းနည်းဖြင့် ဖိအားလှိုင်းတစ်ခုကို ခံစားလိုက်ရ၏။

သူမသည် သူ့ခြေလှမ်းများအတိုင်း ၃မီတာခန့်လိုက်လာရင်း ရပ်သွားလေသည်။ ထိုနောက် သူမ၏ခေါင်းကို မော့ကာ မျက်နှာချိုသွေးသည့်အပြုံးနှင့် ပျော့ပြောင်းစွာ ပြောလိုက်လေသည်။

“ရုပ်ရှင်ဧကရာဇ်ယဲ့ ဒီကိစ္စကိုလေ လျှို့ဝှက်ထားပေးပါလားဟင်”

သူမ၏အသံမှာ အမြဲတစေ ပျော့ပြောင်းနေသော်လည်း နူးညံ့သိမ်မွေ့သံစွပ်၍ တမင်ပြောလိုက်သောအခါ ကြားရသူအတွက် ကြောင်တစ်ကောင်က လက်ကလေးထုတ်ပြီး သူ့နှလုံးသားကို လာပုတ်နေသည်နှင့် တူနေတော့သည်။ ယဲ့ဖေးချန်းသည် မျက်မှုန်ပိုကျုံ့သွားပြီး ရှေ့တလှမ်းတို့ကာ မျက်နှာထားတင်းတင်းဖြင့် မေးလိုက်တော့သည်။

“ ကလေးက ဘယ်ကရောက်လာတာလဲ”

ချောင်မော့ယွီ အကြည့်လွဲလိုက်တော့သည်။ သူမသည် နောက်ကို နှစ်လှမ်းဆုတ်လိုက်ပြီးမှ နေရာလွတ် မရှိတော့မှန်း သိလိုက်ရသည်။ သူ့ကို ရှောင်ရန် သူမ၏ကျောပြင်သည် သည်လမ်းကျဥ်းလေးရှိ အုတ်နံရံနှင့် ကပ်ထားလိုက်လေသည်။

‘ကလေး_”

ချောင်မော့ယွီသည် သူမ၏နှုတ်ခမ်းကို စူထားလိုက်ပြီး

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now