အပိုင်း (၆၆) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု (၆)

3.7K 371 0
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၆၆) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု (၆)

နာမည်ကြီးဘလော့ဂါတစ်ယောက်ကလည်း ရေးထား၏။

“တကယ်တော့လေ ချောင်မော့ယွီက မတူတဲ့အဝတ်အစားတွေနဲ့ ရှင်းလုပ်ငန်းစုကို ဝင်ထွက်ရတဲ့ တခြားအကြောင်းအရင်းလဲ ရှိနိုင်တာပဲလေ၊ သူမက ဥက္ကဋ္ဌရှင်းနဲ့ တွေ့ခဲ့တယ်ထားအုံး၊ ဘယ်သူသိမှာလဲ၊ မတော်တဆ သူမကိုယ်ပေါ် ဝိုင်တွေဖိတ်ကျသွားလို့ အဝတ်အစားလဲရတာဆိုလဲ သဘာဝကျတယ်တာပဲလေ၊ ဒါမှမဟုတ်လဲ ဥက္ကဋ္ဌရှင်း ရေချိုးခန်းထဲက ထွက်လာတာ မတွေ့လိုက်မိလို့ မတော်တဆ သူမအဝတ်အစားတွေစိုသွားလို့ လဲလိုက်တာလဲ ဖြစ်နိုင်တာပဲ၊ ပြီးတော့ သူမက အဝတ်အစားလဲတာပဲဟာ ဖက်ရှင်ကြောင့်လဲဖြစ်နိုင်တာပဲ၊ အထက်တန်းလွှာကအမျိုးသမီးတွေရဲ့ လိုအပ်ချက် သာမန်လူတွေ နားမလည်နိုင်တဲ့အရာမျိုးဆိုတာကိုလဲ မြင်ရုံနဲ့ လွယ်လွယ်သိနိုင်တယ်လေ”

သူမ၏ပိုစ့်သည် အချို့သော အားပြင်းသည့်မှတ်ချက်ရေးသူများကို ချက်ချင်း တွေဝေသွားစေတော့သည်။ ထို့အတူ ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့၏ဓာတ်ပုံများကလည်း အွန်လိုင်းပေါ်က ကောလာဟလသတင်း များက အစစ် ဟုတ်မဟုတ်ကို တွေးမိသွားစေလေသည်။

ဒါမှမဟုတ် ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့က တကယ်ပဲ ချစ်သူတွေလား။ မဟုတ်ရင် သူတို့ရဲ့ ဆက်ဆံရေးကို အသုံးချပြီး လူတွေကို အာရုံလွဲချင်တာလား။

ရလဒ်အနေဖြင့် Weibo ပေါ်မှ ယဲ့ဖေးချန်း၏ဖန်များသည် ဦးနှောက်ခြောက်သွားပြီး မည်သူ့ကို ယုံရမည်မသိ ဖြစ်သွားတော့သည်။ ခဏအကြာတွင် သူတို့သည် နတ်ဘုရား၏ဘလော့ဂ်တွင် စာများပို့ကာ အမှန်တရားကို ပြောပြပေးရန် တောင်းဆိုနေကြတော့သည်။

ထိုနေ့ညနေတွင် ရိုက်ကူးရေးအဖွဲ့သားများသည် အနီးရှိစားသောက်ဆိုင်မှာ ညနေစားစားပြီး ပြန်လာသည်အထိ ရှင်းလင်းသော အဖြေတစ်ခု ထွက်မလာသေးချေ။

ယဲ့ဖေးချန်း၏ Weiboပေါ်ရှိ အသိသာဆုံးမှတ်ချက်များထဲက တစ်ခုမှာ

“ လောင်ကုံးရေ နင်လေး တစ်ယောက်ယောက်ကို တကယ်ချစ်နေတာဆိုရင်လဲ ငါတို့ကို ပြောပြပေးနိုင်မလားဟင်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now