အခန်း(၁၅) စိတ်ဝင်စားဖွယ်ကောင်းတယ် (၃)

4.4K 483 0
                                    

ဘာသာပြန်သူ Yuuki

အခန်း(၁၅) စိတ်ဝင်စားဖွယ်ကောင်းတယ် (၃)

ထိုအချိန်၌ ချောင်မော့ယွီက ယဲ့ဖေးချန်း၏ ပြောင်းလဲမှုဖြစ်စဉ်များကို သတိမပြုမိချေ။ သူမ အစောပိုင်းက ခံစားလိုက်ရသည့် ထူးခြားသည့် ခံစားချက်ကို ပြန်လည်ဆန်းစစ်နေဆဲပင်။ ထိုလေဟာနယ်ကဲ့သို့ ထူးခြားသည့် ခံစားချက်မျိုးက ချောင်မော့ယွီအတွက် ပထမဆုံးအကြိမ် ခံစားဖူးခြင်းမဟုတ်ပေ။ သူမ ယခင်ဘဝကလည်း ခံစားဖူးသလိုလိုပင်။

အတိတ်၌ သူမနှင့် သူမအစ်ကိုသည် သိုင်းကွက်များကို တူတူလေ့ကျင့်ခဲ့ကြသည်။ သို့သော် သူမက သူမ အစ်ကိုထက်သင်ယူရာ၌ ပိုမြန်ဆန်ပေ၏။ အကြောင်းအရင်းမူကား အစောပိုင်းက အမှောင်မှ လေဟာနယ်ကဲ့သို့ ထူးခြားသည့် ခံစားချက်မျိုးကြောင့်ပင်။

သို့သော်ငြား သူမက အပျင်းကြီးသည့် ကောင်မလေးတစ်ယောက်ဖြစ်သောကြောင့် သိုင်းကွက်တူတူ သင်ခဲ့ရသော်လည်း ဘယ်တုန်းကမှ ကြွက်သားတပြိုင်းပြိုင်းနှင့် သူမအစ်ကိုကို အနိုင်မတိုက်နိုင်ခဲ့ပေ။

"ဟူး... ငါ့ကိုကိုများ ငါ့ကို အခုချိန်လောက်ဆို အရူးတစ်ယောက်လို ရှာနေမလား"

ချောင်မော့ယွီက ဘာမှမတတ်နိုင်သော်လည်း သက်ပြင်းချရန်သာ တတ်နိုင်တော့သည်။

ချောင်မော့ယွီ ရိုက်ကူးရေးပြီးသဖြင့် ရိုက်ကွင်းမှ ထွက်ခွာသွားသော်လည်း Weiboပေါ်၌ ဂယက်ရိုက်သွားခဲ့သည့်ကိစ္စကိုတော့ သူမ လုံးဝမသိခဲ့ချေ။ ရိုက်ကူးပြီးသည်နှင့် ကိတ်မုန့်ဆိုင်တစ်ဆိုင်သို့ အမြန်ဝင်လိုက်ပြီး လော့လော့အတွက် နှင်းလူသားပုံစံ ကိတ်မုန့်ကို ဝယ်လိုက်သည်။

အိမ်၌ ကလေးထိန်းယွီက မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေပြီး ပိုးတုံးလုံးလေးက ဧည့်ခန်း၌ ကစားစရာကားများကို တစ်စစီဖြုတ်ကစားနေလေသည်။

ချောင်မော့ယွီ ပြန်ရောက်သည်နှင့် အိမ်နေစီးဖိနပ်အားလဲလှယ်လိုက်ပြီး အိမ်ထဲသို့ ဝင်လာသည်။ အဝင်ဝမှ လှုပ်ရှားမှုအသံများကို ကြားသည်နှင့် ပိုးတုံးလေးသည် ချက်ချင်းပင် ကြမ်းပြင်ပေါ်မှ သူဖွထားခဲ့သည့် အရှုပ်များကို တစ်ချက်ကြည့်လိုက်ပြီး သူ့အခန်းဆီသို့ လုံးနေအောင် ပြေးတော့သည်။ ထို့နောက် ရုပ်ပြစာအုပ်တစ်အုပ် ဆွဲယူလိုက်ကာ စာဖတ်ချင်ယောင်ဆောင်နေပေတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now