အခန်း(၇) Tsundere (၂)

4.8K 456 1
                                    

အခန်း(၇) Tsundere (၂)
နောက်ဆုံး၌ ချောင်မော့ယွီသည် သူမ စိတ်ကို ပြောင်းလိုက်ပြီး

"အာ ကျွန်မ နည်းနည်းလောက် ထပ်လေ့ကျင့်ဖို့လိုဦးမယ်ထင်တယ်။ ဒါပေမဲ့ ဒီနေရာကိုသရုပ်ဆောင်ဖို့အတွက် ကျွန်မအကောင်းဆုံး ကြိုးစားပါ့မယ်"

အစ်မဝူက သူမ စကားကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားသော်ငြား သိပ် အာရုံမထားလေဘူး။ ထိုအစား အစ်မဝူက

"ကောင်းပြီလေ ဒီလိုဆိုရင် မနက်ဖြန်အတွက် မြန်မြန်ပြင်ဆင်ပြီး လာခဲ့"

ချောင်မော့ယွီက အာရုံနောက်နေကာ ဖုန်းကို အဝေး၌ ထားလိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို စစ်ဆေးလိုက်သည်။ လက်ကောက်က ထိုနေရာ၌ ရှိနေသေးသော်လည်း သူမကို ခြိမ်းခြောက်သည့် အသံကတော့ ပျောက်ကွယ်သွားပြီဖြစ်သည်။

ချောင်မော့ယွီသည် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ပြီး လော့လော့က သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ချောင်မော့ယွီသည် ချက်ချင်းပဲ လော့လော့ဆီသို့ သွားလိုက်ပြီး

"အချစ်လေး မာမားရဲ့လက်ကောက် ကလှတယ်လို့ ထင်လား"

သို့ပေမဲ့လည်း ပိုးတုံးလုံးလေးဟာ သူမကို မျက်နှာအမူအရာဗလာအတိဖြင့် ကြည့်နေကာ သူမ ဘာကိုဆိုလိုမှန်း နားလည်ပုံမရပေ။

ဒါဆိုရင် လော့လော့က လက်ကောက်ကို မမြင်ရဘူးလို့ပြောချင်တာလား။

ချောင်မော့ယွီသည် သူမ လက်ကောက်ဝတ်ကို ထိကြည့်သော်လည်း ဘာမှမရှိတော့ချေ။

အန်တီယွီက သူတို့အတွက် ထမင်းပြင်ပေးပြီးသည်နှင့်  ချောင်မော့ယွီက လော့လော့ကို ကလေးထိုင်သည့် ထိုင်ခုံ၌ ထိုင်ခိုင်းလိုက်ပြီး ထမင်းခွံ့ပေးသည်။

"လာပါပြီရှင့် မာမားရဲ့အချစ်လေးအတွက် ထမင်းတစ်လုတ် အာ..."

ချောင်မော့ယွီက သူမ သား၏ ပါးစပ်အရှေ့၌ ငါးလေးတစ်တုံး တေ့ထားလိုက်သည်။ ကလေးလေးဟာ ချက်ချင်းပဲ သူ့ပါးစပ်အား ဟလိုက်ပြီး ငါး ဝါးစားလိုက်သည်။ ချောင်မော့ယွီသည် ရယ်လိုက်ပြီး နောက်ထပ် ထမင်းတစ်ဇွန်း ထပ်ခွံလိုက်သည်။ သည်တစ်ကြိမ်မှာတော့ ရွှေဖရုံသီးနှင့် ဖြစ်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now