အပိုင်း (၄၂) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၉)

4.1K 425 0
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၄၂) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၉)

နေရောင်ခြည်အောက်၌ သူမ၏လက်က နူးညံ့နေပြီး လှပသည့် လက်သည်းရှည်များဖြင့် ဖြူဖွေးနေသည်။
သူမ၏လက်က ပီယာနို တီးရန် သင့်တော်သည်ဟု ထင်ရသော်လည်း မထင်မှတ်ထားသည့် ခွန်အားများက ထိုလက်များ၌ကိန်းအောင်းနေသည်။

ထိုအချိန်၌ ယဲ့ဖေးချန်း၏ နှုတ်ခမ်းများက ချောင်မော့ယွီ၏ ယုံကြည်မှုအပြည့်ဖြစ်နေသည့် အမူအရာကို မြင်လိုက်ရသည်နှင့် ပြုံးသွားမိသည်။

တကယ်လို့ ဒီကောင်မလေးသာ မိန်းကလေးမဟုတ်ခဲ့ရင် ဒီပျဉ်ပြားကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်လိုက်မလား မသိဘူး။

သို့သော် လူတိုင်းက ချောင်မော့ယွီကိုသာ အာရုံစိုက်နေရာ ယဲ့ဖေးချန်း၏ အသက်ရှူမှားလောက်မည့် အပြုံးကို သတိမမူမိခဲ့ကြပေ။

မိနစ်အနည်းငယ် ကြာပြီးသည့်နောက် ဆိုရှယ်မီဒီယာ၌ ချောင်မော့ယွီသတင်းများက နေရာယူထားပေတော့သည်။ လူတိုင်းက ထိုသတင်းများကိုသာ အာရုံစိုက်နေကြတော့သည်။

(အဖြူရောင်ဝတ်စုံနှင့် အလှလေးက လက်ဗလာဖြင့် သစ်သားပျဉ်ပြားသုံးပြားကို ချိုးပြခဲ့)

(အနုပညာလောကမှာ အားနွဲ့တဲ့ မိန်းကလေးများသာ ရှိသည်မဟုတ်၊ သန်မာသည့် မိန်းကလေးလည်း ရှိကြောင်း ရှန်းရှီဒရမ်မာရဲ့ ချောင်မော့ယွီက သက်သေပြ)

( လေးစားဖို့ကောင်းတဲ့ မိန်းကလေးမော့ယွီက တကယ့်ကို ရှေးခေတ်က ကူးပြောင်းလာတဲ့ သူရဲကောင်းမိန်းမလှလေးများလား)

( ငါလေးလည်း မမမော့ယွီလက်နဲ့ ရိုက်ချိုးခံချင်ပါတယ်နော်၊ သူမက သိပ်လှပြီး ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာလည်းသိတာပဲ၊ မမမော့ယွီ ငါ့ကို လက်ထပ်ပါ)

ထိုသတင်းများက အင်တာနက်ပေါ်၌ ပလူပျံနေတော့သည်။ အဓိကခေါင်းစဉ်ဖြစ်သည့် ချောင်မော့ယွီက အင်တာနက်ပေါ်၌ သူမအကြောင်း ပွနေသည်ကို သတိပင်မထားမိပြန်ပေ။

ထိုအထဲမှ နံပါတ်တစ်ဖြစ်နေသည့် ခေါင်းစဉ်က ရုပ်ရှင်ဧကရာဇ် ယဲ့ဖေးချန်းက သူ့ဆရာတူညီမကို နမ်းလိုက်တာလား၊ ဒုတိယကမူ ရုပ်ရှင်ဧကရာဇ်ယဲ့နှင့် ချောင်မော့ယွီ၊ တတိယမှာ ချောင်မော့ယွီက လက်ဗလာနဲ့ပျဉ်ပြားတွေကို ချိုးပြတယ် ဆိုသည့် ခေါင်းစဉ်များပင်ဖြစ်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now