အခန်း (၄၀) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၇)

4.1K 457 4
                                    

ဘာသာပြန်သူ - Yuu Ki

အခန်း (၄၀) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၇)

ယဲ့ဖေးချန်းက ပရိသတ်​၏ တောင်းဆိုချက်ကို ဖြည့်ဆည့်ပေးလိမ့်မည်ဟု မည်သူကမှ မထင်ထားပေ။ ရှင်းဝမ်ရွှမ်း​၏မျက်နှာအမူအရာက အနည်းငယ် အံ့အားသင့်မိသွားသည်​။ သူမရှေ့မှ သတင်းထောက်တစ်ယောက်က ထိုအဖြစ်အပျက်ကို မှတ်တမ်းတင်ထားလိုက်နိုင်သည်။

ထိုအချိန်၌ ချောင်မော့ယွီက ယဲ့ဖေးချန်းရှိရာသို့ ရောက်လာခဲ့သည်။ ယဲ့ဖေးချန်းက ဇာတ်ကောင်နေရာသို့ လျင်မြန်စွာ ကူးပြောင်းဝင်ရောက်သွားခဲ့သည်။ နှစ်စက္ကန့်အတွင်း၌ သူ​၏ အေးစက်မှုအပြည့်ဖြစ်နေသည့် မျက်ဝန်းများက နွေးထွေးသည့်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူမ အရှေ့မှ သည်လူက ယခုခေတ်ဝတ်စုံပြည့်ကို ဝတ်ထားသော်လည်း ချောင်မော့ယွီက သည်လူမှာ ရှန်းရှီဒရမ်မာ​၏ လင်းချန်အဖြစ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

သူတို့က ရှေ့သို့တိုးလိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် နီးကပ်လိုက်ကြသည်။ ယဲ့ဖေးချန်း​၏ မျက်ဝန်းများမှ နက်ရှိုင်းသည့် ခံစားချက်များက သူမကို လွှမ်းမိုးလာသည်။ ထိုနောက် သည်လူက သူမ နဖူးပေါ်မှ ဆံနွယ်များကို လက်ဖြင့်သပ်လိုက်ပြီး သူ့ခေါင်းကိုငုံ့လိုက်ကာ သူမ နဖူးဆီသို့ တိုးကပ်လာခဲ့သည်။ သူမအနေဖြင့် သူမ နဖူးထက်မှ သည်လူ​၏ အသက်ရှူသံကိုပင် ခံစားလို့ရနေပြီဖြစ်သည်။ ထိုနောက် သည်လူက စိတ်အားထက်သန်မှုအပြည့်ဖြင့်

" ကိုယ် မင်းကိုချစ်တယ် ရှစ်မေ့ ကိုယ့်ကို လက်ထပ်နိုင်မလား"

ချောင်မော့ယွီကလည်း ရှက်သွေးဖြာနေဟန် ယဲ့ဖေးချန်းကို ခိုးကြည့်လိုက်သည်။ နေရောင်ခြည်အောက်၌ သူ​၏မျက်ဝန်းများက နွေးထွေးမှုအပြည့် ဖြစ်နေသည်။
သူမ ပါးပေါ်မှ ထိုလူ့လက်ချောင်းထိပ်များမှ အပူချိန်ကိုပင် ခံစားလို့ရနေသည်။

"လင်းချန်ကိုကို ညီမ..ညီမ သဘောတူပါတယ်"

ချောင်မော့ယွီက သူမအသံကို နှစ်လိုဖွယ်ဖြစ်အောင် ပြောလိုက်ပြီးနောက် စိတ်လှုပ်ရှားပြီး အနည်းငယ် တုန်ယင်နေကာ ရှက်သွေးဖြာနေသလို ပြုမူလိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now