အပိုင်း (၄၃) ခံစားချက်ပေါင်းစုံ ရောနှောနေမှု (၁)

4.2K 442 3
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၄၃) ခံစားချက်ပေါင်းစုံ ရောနှောနေမှု (၁)

သည်ရေခဲမုန့်ဆိုင်က ထိုသို့ အရသာရှိလှသည့် အရသာများကို ရောင်းချပေးနေသောကြောင့် ယခုတလော ခေတ်စားနေသည်မှာ မထူးဆန်းပေ။

သူမ​၏ အချိုပွဲနှင့်ပတ်သက်၍ စိတ်ကျေနပ်မှု အလွန်ရရှိသွားသော ချောင်မော့ယွီ​၏မျက်လုံးများက လခြမ်းသဖွယ် ကွေးညွှတ်သွားပေတော့​၏။ နောက်တစ်ကြိမ်ကျလျှင် လော့လော့ကိုပါ သည်ဆိုင်သို့ ခေါ်လာခဲ့ရမည်ဟု သူမ တွေးတောနေမိသည်။

သူမနံဘေးမှ ယဲ့ဖေးချန်းက သူမကို အကဲခတ်ရင်းဖြင့် အံ့ဩနေမိသည်။ သူမ​၏ အချိုပွဲနှင့်ပတ်သက်၍ မည်သည့်အရာက ထိုမျှလောက် ပျော်စရာကောင်းနေသည်ကို သူ မခန့်မှန်းတတ်တော့ပေ။

ထို့အပြင် ယဲ့ဖေးချန်းက သူ့စိတ်အခြေအနေမှာ သူမ စိတ်ကျေနပ်ပျော်ရွှင်နေသည့် အမူအရာကို ကြည့်ရင်း သူကိုယ်တိုင်လည်း အကြောင်းအရင်းမရှိဘဲ စိတ်ပျော်ရွှင်လာသည်ကို သတိထားမိလိုက်သည်။

သည်နှစ်ယောက်မှာ မြေအောက်ကားပါကင်သို့ လမ်းအတူလျှောက်လာသော်လည်း သူတို့က လူစိမ်းတစ်ယောက်မှ နံရံနောက်၌ ပုန်းနေရင်း သူတို့လှုပ်ရှားမှုများကို ဓာတ်ပုံအမြောက်အမြား ရိုက်ကူးနေသည်ကို သတိမမူမိခဲ့ပေ။

ချောင်မော့ယွီ အိမ်သို့ရောက်လာသည်နှင့် ကလေးထိန်းယွီက အလန့်တကြားဖြင့်

" မမလေးချောင် လော့လော့ ဒီနေ့ တော်တော်လေး အစားများသွားတယ်၊ အခု အစာမကြေ ဖြစ်နေတယ်နဲ့တူတယ်၊ အခုလေးတင် သူ့အတွက် အစာကြေဆေးလေး သွားဝယ်ပေးဖို့ လုပ်နေတာ၊ မမလေးရောက်လာလို့ တော်သေးတယ်"

ချောင်မော့ယွီက လော့လော့မှာ ဆိုဖာထက်၌ တစ်ဝက်လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ့ဝမ်းဗိုက်က ဖောင်းကားနေပြီး သူ့ကိုကြည့်ရသည်မှာ ဖားတစ်ကောင်က နေရှိရာဘက်သို့ မျက်နှာမူနေသကဲ့သို့ဖြစ်နေသည်။

ထိုပိုးတုံးလေး​၏ မျက်နှာက အနေရခက်စွာ

" မာမားရေ လော့လော့ ဗိုက်က ပြည့်ပြီး နေရခက်နေတယ် "

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now