အပိုင်း (၁၉၂) ပါပါးကိုတွေ့ပြီ (၁)

2K 222 5
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၉၂) ပါပါးကိုတွေ့ပြီ (၁)

ယဲ့ဖေးချန်းသည် ထိုသို့ ပြောလိုက်ပြီးနောက်တွင် ချောင်မော့ယွီသည် သူယူလာသည့်အိတ်ထဲမှ ညအိပ်ဝတ်စုံအချို့ကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရလေသည်။

သူမသည် သူ့ကို အလန့်တကြား ငေးကြည့်နေလိုက်ပြီး

“ ကို ညအိပ်ဝတ်စုံတွေတောင် ထည့်လာတယ်ဟုတ်လား”

ယဲ့ဖေးချန်းသည် ခေါင်းညိတ်ပြီးလိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်၏။

“မော့ယွီလေး ကိုယ် ရေအရင်ချိုးလိုက်အုံးမယ်”

ချောင်မော့ယွီသည် သူမ၏အိမ်ကို တစ်စုံတစ်ယောက်က သူ့အိမ်ကဲ့သို့ ပြုမူနေသည်ကို အထိတ်တလန့် ကြည့်နေရင်း ရေချိုးခန်းဘက်သို့ ယဲ့ဖေးချန်းနောက်မှ လိုက်သွားလိုက်သည်။

သူသည် သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး သူမဘက်သို့ ပြန်လှည့်ကာ လေးနက်သည့်အကြည့်နှင့် ကြည့်လိုက်ပြီး

“ ကိုယ်ရေချိုးတာကို ကြည့်မလို့လား”

ချောင်မော့ယွီသည် ကိုယ်ကို ချက်ချင်း လှည့်ထွက်သွားလိုက်လေသည်။ သူမသည် ရှက်လွန်းသဖြင့် နားများပင် နီရဲသွားတော့သည်။

ယဲ့ဖေးချန်းသည် မဲ့ပြုံးလိုက်ပြီးနောက် တံခါးကို ပိတ်ကာ အဝတ်အစားချွတ်လိုက်တော့သည်။

သူသည် ရေပန်းကိုဖွင့်လိုက်သည့် ခဏ၌ ချောင်မော့ယွီကိုယ်ပေါ်တွင် ရစ်နွယ်နေလေ့ရှိသည့် ရနံ့ကို ရလိုက်လေသည်။ ချိုမြသည့်ခပ်သင်းသင်း စံပယ်ပန်းရနံ့လေး ဖြစ်ပေတော့သည်။

သူသည် သူမအကြောင်းကို စဥ်းစားလိုက်ပြီး သူမအိပ်နေစဥ် ဖက်ထားပေးခဲ့သည့် ထိုနေ့ကခံစားချက်ကို သတိရသွားပြီး သူ့အတွေးများကို ထပ်မထိန်းချုပ်နိုင်အောင် ဖြစ်သွား၏။

ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏ မတည်ငြိမ်သည့်စိတ်တို့ကို လုံးဝသတိမထားမိပေ။ သူမသည် ရုတ်တရက် ဗိုက်ဆာသလိုဖြစ်လာပြီး သူဝယ်လာသည့် အစားအသောက်များကို ကုန်စင်အောင် စားလိုက်လေသည်။ စားသောက်ပြီးသွားသည်နှင့် သူမ သန့်ရှင်းရေးလုပ်နေစဥ် သူသည် ရေချိုးခန်းမှ ထွက်လာ၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now