အပိုင်း (၄၁) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၈)

4.1K 443 7
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၄၁) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၈)

ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး မြင်လိုက်ရသည့် ရှင်းရီချန်က ထိုစုံတွဲကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ဟ ကြည့်ရတာ ဒီမိန်းကလေးမှာ မြူဆွယ်ဖြားယောင်းဖို့ အခြားပစ်မှတ်တစ်ခုကို ရှာတွေ့သွားတဲ့ပုံပဲ၊ ဒီဟာက သူမသဘောကျတယ်လို့ ခေါ်တဲ့ပုံစံလား၊ ငါးစိမ်းမြင်တာနဲ့ ငါးကင်တန်းပစ်တော့တာပဲ၊ ဟ ဘယ်လိုတောင် ဈေးပေါလိုက်တဲ့မိန်းမလဲ။

တစ်ဖက်စင်မြင့်၌ ရှိသည့် ချောင်ရို့ဟွမ်ဆီသို့ အာရုံမပြောင်းခင် ရှင်းရီချန်က ညီမဖြစ်သူ ရှင်းဝမ်ရွှမ်းနှင့် စကားလက်ဆုံကျနေသေးသည်။ ထို့နောက် အစီစဉ်တင်ဆက်သူက ပရိသတ်များ ပြင်ဆင်ထားသည့် ဇာတ်ညွှန်းတိုများအထဲမှ အချို့ကို ထိုအစီအစဉ်အတွက် ရွေးချယ်ကာ တင်ဆက်စေသည်။ ထိုဇာတ်ညွှန်းများအနက် အချို့က ဟာသနှောနေရာ ထိုအရာက လူထုကြီးကို ပိုမိုသက်ဝင်စေသည်။

ထိုတင်ဆက်သည့် အစီအစဉ်အများစု၌ ချောင်မော့ယွီ မပါဝင်သော်လည်း သူမက ဘေးဘက်၌ တိတ်တဆိတ်ရပ်၍သာ ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေပေသည်။ သို့သော် သူမ၏ ထိုအပြုအမူက သတင်းထောက်များကို အထင်ကြီးစေသည်။

အစီအစဉ်၏ နောက်ဆုံးအနေနှင့် ရှင်းဝမ်ရွှမ်းက ဓားအက တင်ဆက်ဖျော်ဖြေရမည် ဖြစ်သည်။ သူမက ငယ်စဉ်ကတည်းက မည်သို့ကရမည်ဆိုတာကို သင်ယူဖူးလေရာ ထိုအရာက ရှင်းဝမ်ရွှမ်းအတွက် မခက်ခဲပေ။
ပရိသတ်များက သူမ၏ ပြောင်မြောက်လှသည့် ကကွက်များကြောင့် အားပါးတရ လက်ခုပ်တီးပေးကြသည်။

ထိုအခြင်းအရာကို မြင်လိုက်ရသည့် ရှင်းဝမ်ရွှမ်းက စောနက သုန်မှုန်နေသည့် အမူအရာနှင့် မတူဘဲ စိတ်ပျော်ရွှင်သွားကာ သူမသည် ဓားကို မြှောက်လိုက်ပြီး ပြုံးပြလိုက်သည်။ ထိုအချိန်၌ သတင်းထောက်တစ်ဦးက ချောင်မော့ယွီဘက်သို့ သွားပြီး

" ကြည့်ရတာ မိန်းကလေးမော့ယွီလည်း ဘာမှ မဖျော်ဖြေရသေးဘူးနော်၊ အွန်လိုင်းမှာ မင်းရဲ့ သရုပ်ပြမှုဗီဒီယိုကို ကြည့်လိုက်ရတယ်၊ အရမ်းတော်တာပဲ၊ အခု ဒီစင်မြင့်မှာ ဒီလိုသရုပ်ပြကွက်များ လက်တွေ့လုပ်ပြပေးနိုင်မလားဗျ"

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now