အပိုင်း ( ၁၇၄) ခေါင်းဆောင်နေရာ လိုချင်တယ် (၂)

2K 215 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၇၄) ခေါင်းဆောင်နေရာ လိုချင်တယ် (၂)

“မလိုဘူး”

ရှင်းရီချန်၏မျက်လုံးများသည် အေးစက်မှုအတိဖြစ်နေပြီး

“ သူမကို ရှက်စရာကောင်းတဲ့အကြောင်းအရင်းရဲ့ အဓိကဇာတ်ကောင် ပေးဖြစ်ထားလိုက်”

ဗွီဒီယိုများကို ဖျက်ပစ်ပြီး ရှာဖွေမှုအများဆုံးနေရာမှ ဖယ်ရှားလျှင်တောင် လူအများ၏အမြင်နှင့် ထိုအကြောင်းအရာသည် လူတို့၏စိတ်ထဲတွင် ရှိနေပေလိမ့်အုံးမည်။ အနာဂတ်တွင် လူများက သူ့ကို မြင်လိုက်တိုင်း သူ့ချစ်သူသည် သူ့အား လှည့်စားခဲ့သည်ဆိုသည့်အချက်ကို အမှတ်ရနေပေလိမ့်မည်။

သူခံစားခဲ့ရသည့် ဒေါသနှင့် အရှက်ကွဲခြင်းသည် ချောင်မိသားစုတစ်ခုလုံးကို ချက်ချင်းလိုပင် ဖျက်ဆီးပစ်ချင်စိတ် ဖြစ်သွားစေတော့သည်။

လက်ထောက်၏အသံသည် ဖုန်းတစ်ဖက်မှနေ၍ ထပ်ထွက်လာ၏။

“စီအီးအိုရှင်း <<ငါက သရုပ်ဆောင်တစ်ယောက် သက်သက်မဟုတ်ဘူး>>ဆိုတဲ့ ရိုက်ကူးရေးကိုရော ဘယ်လိုလုပ်လိုက်ရမလဲ”

“ငါ မသွားတော့ဘူး”

ရှင်းရီချန်က ပြောလိုက်၏။

.....

ထိုနေ့ညတွင် အစီအစဥ်၏ဒါရိုက်တာ ကျန်းဇီအန်းမှာ အံ့ဩသွားရလေတော့သည်။

သူတို့သည် နောက်တစ်နေ့တွင် အစီအစဥ်၏ ဒုတိယအပိုင်းကို ရိုက်ကူးရန် လိုအပ်ပေသည်။ သို့သော် အစီအစဥ်၏ အဓိကဇာတ်ဆောင် နှစ်ယောက်မှာ ရောက်လာတော့မည်မဟုတ်ပေ။ ချောင်ရို့ဟွမ်သည် ညစ်ညမ်းဗွီဒီယိုတစ်ခုနှင့် ပတ်သက်နေပြီး ရှင်းရီချန်မှာ သူ့ချစ်သူ၏လှည့်စားခြင်း ခံခဲ့ရသည်။

သူ ခေါင်းကိုက်သွားတော့သည်။ သူတို့နှစ်ယောက်နေရာတွင် ယာယီအစားထိုးရန် လူရှာရတော့မည် ဖြစ်ပြီး ထိုလူစားများသည်လည်း အလွန် နုံခြာနေ၍ မဖြစ်ချေ။

ညတွင်းချင်းပင် သူသည် သူ့လက်ထောက်ကို ဖုန်းခေါ်ရတော့သည်။ ရှင်းရီချန်အစား နာမည်ကြီး သီချင်းရေးဆရာ လုပေ့ကဲက အစီအစဥ်တွင် တက်ရောက်လာလိမ့်မည်ဟု သူ မတွေးခဲ့ဖူးပေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now