အခန်း(၃၀) လော့လော့နဲ့တွေ့ဆုံခြင်း (၃)

4.3K 446 1
                                    

ဘာသာပြန်သူ Yuuki

အခန်း(၃၀) လော့လော့နဲ့တွေ့ဆုံခြင်း (၃)

လူအုပ်ကြီးက ထိုအဖြစ်အပျက်ကို ဆက်လက် စောင့်ကြည့်ချင်သော်လည်း ယဲ့ဖေးချန်း​၏ ခြိမ်းခြောက်နိုင်သည့် အရှိန်အဝါကြောင့် ချက်ချင်း လူစုခွဲသွားကြသည်။ ယဲ့ဖေးချန်းလည်း ထွက်ခွာရန် ဟန်ပြင်လိုက်စဉ် ထိုကလေး​၏ ချစ်စဖွယ် အသံပိစိလေးက ထွက်ပေါ်လာခဲ့သည်။

"ကျေးဇူးပါ ဦးဦး"

ယဲ့ဖေးချန်းက ထိုကလေးဆီသို့ လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ လော့လော့က သူ့လက်ဖဝါးတုတ်တုတ်လေးဖြင့် ဝှေ့ယမ်းပြလိုက်ပြီး

"ဦးဦးရေ တာ့တာ"

"အင်း တာ့တာ ပေါင်ပေ့"

ယဲ့ဖေးချန်းလည်း ပြုံးပြပြီး လော့လော့ကို နှုတ်ဆက်ထွက်ခွာသွားတော့သည်။

​အစောပိုင်းက ချောင်မော့ယွီသည် ငွေရှင်းရန် ကောင်တာဘက်သို့ ထွက်လာခဲ့သော်လည်း ရုတ်တရက် သူမ ဓမ္မတာလာနေသည်ကို သတိပြုမိသွားသောကြောင့် လစဉ်သုံးပစ္စည်းဝယ်ရန် တစ်ဖန် ထိုပစ္စည်းထားရာစင်ဆီသို့ ပြန်သွားခဲ့ရသည်။

ထို့နောက် ငွေရှင်းပြီးနောက် ပစ္စည်းပစ္စယများကို သယ်ပြီး ကလေးထိန်းယွီနှင့် လော့လော့ဆီသို့ ပြန်လာခဲ့သည်။ ကလေးထိန်းယွီက ဘာတွေဖြစ်ခဲ့လဲဆိုတာကို ချောင်မော့ယွီကို ရှင်းပြလိုက်ပြီး လော့လော့နှင့် ယဲ့ဖေးချန်းတို့ တိုးတိုးတိတ်တိတ်ဘာတွေ ပြောနေလဲဆိုသည်ကိုတော့ သူမလည်း မသိသောကြောင့် ထိုအကြောင်းကို ထည့်မပြောလိုက်ပေ။

ချောင်မော့ယွီက ကလေးထိန်းယွီ​၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူမ ဘေးဘက်၌ ရှိသည့် လော့လော့ဘက်သို့လှည့်ပြီး

" ပေါင်ပေ့လေးရေ ဘာလို့ ငှက်ပျောခွံကို သွားလွှင့်ပစ်လဲဆိုတာ မာမားကို ပြောပြလို့ရမလား"

လော့လော့က နှုတ်ခမ်းဆူလိုက်ပြီး သူ့မာမားကို ခေါင်းမာစွာ စိုက်ကြည့်ကာ

"အာ့ အန်တီကြီးက မာမား မကောင်းကြောင်းပြောတာကိုး"

"အာ့တော့ ဒီအန်တီက မာမားမကောင်းကြောင်းပြောလို့ လော့လော့က ချော်လဲသွားအောင် လုပ်လိုက်တယ်ပေါ့"

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now