အပိုင်း (၄၆) အတိတ်ဖြစ်ရပ် (၁)

4.1K 411 0
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၄၆) အတိတ်ဖြစ်ရပ် (၁)

‘ဒါက မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဒိုင်ယာရီပေါ့’

ချောင်မော့ယွီ အနည်းငယ် အံ့ဩသွားလေသည်။

ဒီလိုခေတ်ကြီးမှာ ဒိုင်ယာရီရေးတဲ့သူတွေ ရှိသေးတယ်တဲ့လား။ ပြီးတော့ အားလုံးပေါင်း ငါးအုပ်တောင်။ ဒီစာတွေရေးဖို့ဆို အချိန်ကာလက တိုတိုလေး ဖြစ်မှာမဟုတ်တာ သေချာတယ်။

ချောင်မော့ယွီသည် ပထမဆုံးစာအုပ်ကိုဖွင့်လိုက်ပြီး ရက်စွဲကို ကြည့်လိုက်သည်။

ဂျူလိုင် ၅ ၊ ၂၀၀၆ ။ ဒီနေ့က ငါ့ရဲ့ ၁၁ကြိမ်မြောက် မွေးနေ့လေ။ အတန်းထဲမှာ ပထမအကြိမ်စာမေးပွဲ ဖြေခဲ့တယ် ပြီးတော့ ဆရာမက ငါ့ကို ဒီဒိုင်ယာရီစာအုပ်လေးကို လက်ဆောင်ပေးခဲ့တယ်။ ဒီနေ့ ငါ့ရဲ့ကိုကို ရှင်းရီချန်ကလဲ ငါနဲ့အတူတူ ငါ့မွေးနေ့ကို ကျင်းပပေးမယ်တဲ့။

ချောင်မော့ယွီသည် စာမျက်နှာ တစ်ရွက်ပြီးတစ်ရွက်ဖတ်လာရင်း စာမျက်နှာတိုင်းတွင် ရှင်းရီချန် အကြောင်း ပါနေသည်ကို သတိထားမိလိုက်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်သည် ရှင်းရီချန်အပေါ် အရမ်း ဇွဲကောင်းနေသည့်အကြောင်းကို သူမ နားမလည်နိုင်ဖြစ်ရသော်လည်း ထိုစာကြောင်းများမှတဆင့် မိန်းကလေးငယ်လေး၏ သန့်ရှင်းသောအချစ်ဦးကို မြင်နေရသည်။

ချောင်မော့ယွီသည် နောက်ဆုံးတစ်အုပ်မှလွဲ၍ ဒိုင်ယာရီများကို အမြန်ပြီးအောင် ဖတ်လိုက်သည်။

နိုဝင်ဘာ ၂၂၊ ၂၀၀၈။ ဒီနေ့တော့ ငါ ဒိုင်ယာရီမှာ စာထပ်ရေးနိုင်ပြီ။ ငါအခု ငါ့ရဲ့ မီးလောင်ဒဏ်ရာတွေကို ကုသဖို့ ဆွစ်ဇာလန်ကို ရောက်နေတာလေ။

ငါ့လက်ပေါ်က ဒဏ်ရာတွေကတော့ သက်သာနေပါပြီ။ ဒါပေမဲ့ ကံမကောင်းချင်တော့ ငါ့မိဘတွေ ချန်ခဲ့တဲ့ လက်ကောက်လေးက ငါ မီးထဲကျသွားတဲ့နေ့မှာပဲ ပျောက်သွားခဲ့တယ်။

ကုသမှုတွေက အရမ်းနာကျင်ရပေမဲ့ ငါနောင်တ မရခဲ့ပါဘူး။ အဲဒီ မီးပင်လယ်တွေ ဝေနေတဲ့နေ့က ငါက ကိုကို ရီချန်ရဲ့လက်ကို ကိုင်ထားခဲ့တာ။ အဲတာက ငါတို့တွေ ပထမဆုံးလက်တွဲခဲ့ဖူးတဲ့ အချိန်ပေါ့။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now