အပိုင်း (၁၆၈) ဖျက်ဆီးခံရခြင်း (၂)

2.7K 283 7
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၆၈) ဖျက်ဆီးခံရခြင်း (၂)

ဖေကြီးယဲ့သည် ညစာစားပွဲကို သောကြာနေ့ဟု သတ်မှတ်လိုက်၏။

ထိုနေ့မနက်တွင် ဖေကြီးယဲ့သည် စိတ်ကျေနပ်မှုအရောင်အဝါများ ဖြာထွက်နေ၏။ သူသည် ယဲ့ဖေးချန်း နေသည့်နေရာကို သွားရောက်ရန် အလျင်လိုနေတော့သည်။

မူလက စားသောက်ဆိုင်တစ်ခုတွင် မိသားစုညစာစားပွဲကို ကျင်းပရန်စီစဥ်ထားသော်လည်း သေချာပြန်စဥ်းစားလိုက်ချိန်တွင် ချောင်မော့ယွီနှင့် လော့လော့သည် ယဲ့ဖေးချန်း၏အိမ်သို့ မရောက်ဖူးသေးကြောင်းကို သတိရသွားလေသည်။ သို့နှင့် ညစာစားပွဲကို ထိုနေရာတွင် ကျင်းပရန် သတ်မှတ်လိုက်တော့သည်။

မနက်စောစောကတည်းကပင် ဖေကြီးယဲ့သည် အစေခံတော်တော်များများနှင့် စားဖိုမှူးတစ်ယောက်ကို ငှားရမ်းကာ စတင်ပြင်ဆင်ထားလိုက်သည်။ ယဲ့ဖေးချင်းသည် တစ်နည်းနည်းဖြင့် စိုးရိမ်နေမိ၏။

ယဲ့စီးပွားရေးအုပ်စုကို ဖေကြီးယဲ့က ထိန်းချုပ်ထား၏။ ယဲ့ဖေးချင်းသည် ဘွဲ့ရပြီးသည်နှင့် ကုမ္ပဏီသို့ တန်းဝင်နိုင်ခဲ့၏။ လက်ရှိတွင် ဖေကြီးယဲ့သည် သူ့အုပ်ချုပ်မှုကို လုံးလုံးလျားလျား လက်မလွှတ်သေးသဖြင့် ယဲ့ဖေးချင်းသည် ကုမ္ပဏီပိုင်ဆိုင်မှု၏ ၃၀%ကိုသာ သူအလိုရှိသလို သုံးစွဲနိုင်သည်။

.....

လွန်ခဲ့သည့်နှစ်ဝက်ခန့်က သူသည် စီမံကိန်းတစ်ခု လုပ်ရန် စီစဥ်ထားပြီး ထို့အတွက် စတင်ပြင်ဆင်ခဲ့သည်။ စျေးကွက်သစ်တစ်ခုသို့ ဝင်ရောက်ရသည့်ဖြစ်စဥ်မှာ အလွန်စွန့်စားရမည့် ခြေလှမ်းတစ်ခုဖြစ်ပေသည်။ သူသည်  လေလံအတွက် ကောင်းစွာပြင်ဆင်ထားခဲ့သော်လည်း ယနေ့ ကြေညာခဲ့သည့် ရလဒ်များက ရှင်းအုပ်စုက အနိုင်ရခဲ့ကြောင်း ပြသနေသည်။

ထိုအချိန်တွင် ယဲ့ဖေးချင်း၏ရုံးခန်း၌ သူ ခွဲလိုက်သည့် ကြွေလက်ဖက်ရည်ပန်းကန်ကွဲစများနှင့် ပြည့်နှက်နေ၏။ လက်ထောက်မလေးသည် ဖန်ကွဲစများကို ဂရုတစိုက်သိမ်းဆည်းနေ၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now