အပိုင်း (၁၄၈) ပြတ်စဲခြင်း (၃)

2.9K 316 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၄၈) ပြတ်စဲခြင်း (၃)

ထိုလူနှစ်ယောက်၏ မှတ်ချက်ကဏ္ဍသည် အတက်အကျ တစ်လှည့်စီဖြစ်နေသော်လည်း ချောင်မော့ယွီ၏ နေ့ရက်သည် အလွန်ဖြောင့်ဖြူးနေလေသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဒိုင်ယာရီကို ဖတ်ပြီးသည့်နောက်တွင် သူမသည် ထိုခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားသည်ဟု ခံစားလိုက်ရလေသည်။ သရုပ်ဆောင်ခြင်းနှင့် ပတ်သက်သည့် မူလပိုင်ရှင်၏ အသိပညာအားလုံးသည်လည်း သူမ၏ စိတ်နှင့် တစ်ပေါင်းဖြစ်သွားတော့သည်။

ယနေ့တွင် အခြေခံကျသည့်အရာအားလုံးကို စတူဒီယိုထဲတွင် ရိုက်ကူးခဲ့လေသည်။ ရိုက်ကူးရန် အခန်းများစွာ ကျန်နေသေးသော်လည်း သူမသည် အခန်းအများစုကို တစ်ခါထဲနှင့် အပြီးရိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ရိုက်ကူးရေးပြီးဆုံးသွားချိန်တွင် အပြင်ဖက်မှကောင်းကင်သည် လင်းရှင်းနေဆဲပင်။

ဘာကြောင့်မှန်းမသိပေ။ သည်နေ့တွင်မှ သတင်းထောက်များသည် ချောင်မော့ယွီ၏ ရိုက်ကူးရေးနေရာသို့ ရောက်ရှိလာကြလေသည်။ တစ်စပ်တည်းတွင် ချောင်မော့ယွီနှင့် သူမ၏လက်ထောက်တို့သည် အဆောက်အဦးမှ ထွက်လာသောအခါ သူတို့သည် သတင်းထောက်များ၏ ဝိုင်းထားခံလိုက်ရလေသည်။

“ မစ်ချောင်မော့ယွီ မစ္စတာရှင်းနဲ့ မစ်ရို့ဟွမ် ပြတ်စဲသွားတဲ့ကိစ္စကို ဘယ်လိုထင်လဲ”

“ မစ်ချောင်၊ မစ္စတာရှင်း ရို့ဟွမ်နဲ့ မပြတ်စဲခင် နင့်အိမ်ကိုသွားခဲ့ပြီး ပိတ်နေတဲ့အိမ်တံခါးရှေ့မှာ သူ့ကို တွေ့ခဲ့တယ်၊ နင်က သူတို့ရဲ့ဆက်ဆံရေးထဲမှာ ကြားဝင်ခဲ့တာလို့ ငါတို့ သတ်မှတ်လို့ရလား”

ရှင်းရီချန်သည် ထိုမိန်းကလေးနှစ်ယောက်ကို သွားမနှောင့်ယှက်ရန် Weibo ပိုစ့်ထဲတွင် ပြောခဲ့ပါသော်လည်း မီဒီယာများသည် သူတို့ကို မည်သို့ အလွတ်ပေးနိုင်ပါမည်နည်း။

“ မစ်ချောင်မော့ယွီ ‘ငါက သရုပ်ဆောင်ပဲမဟုတ်ဘူး’ အစီအစဥ်ရိုက်ကူးနေတုန်းက မစ္စတာရှင်းနဲ့ ဆက်ဆံရေးတော်တော် နက်ရှိုင်းနေပြီးသားလား”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now