အပိုင်း (၉၄) အလှူပေးခြင်း (၂)

3.7K 400 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၉၄) အလှူပေးခြင်း (၂)

ယဲ့ဖေးချန်း၏စကားသည် မည်သည့်ဘက်မှ ရပ်တည်ခြင်းမရှိသော်လည်း ထိုကိစ္စသည် အလွန်ရိုးရှင်းသဖြင့် သတင်းထောက်များကို သတိပေးနေယောင်။ သူတို့သည် ရှင်းဝမ်းရွှမ်း၏ စကားကိုသာ ယုံကြည့်၍ မဖြစ်ချေ။

သို့နှင့် သတင်းထောက်များသည် သူတို့၏အာရုံကို ‘ရှန်းရှီ’ဘက် ပြန်လှည့်ထားလိုက်လေသည်။ ထိုပြဿနာပြီးသွားပြီး တွေ့ဆုံပွဲမှာလည်း အခက်အခဲမရှိ ပြီးဆုံးသွားတော့သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရှင်းဝမ်ရွှမ်း၏မန်နေဂျာက သူမသည် ရှင်းဝမ်ရွှမ်း၏လက်ထောက်နှင့် စာချုပ်ကို တရားဝင်ရုတ်သိမ်းကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။

ချောင်မော့ယွီသည် ထိုသတင်းကို ဖတ်ပြီး နှုတ်ခမ်းများ ကွေးသွားအောင် ပြုံးလိုက်တော့သည်။

ဟ ဟ ရှင်းဝမ်ရွှမ်းက အပြစ်တွေအားလုံးကို သူမရဲ့လက်ထောက်ဆီ ပုံချလိုက်မယ်ဆိုတာ အစောကြီးကတည်းက ခန့်မှန်းထားပြီးသားပါ။

ဒီကိစ္စတွေက အရေးမကြီးဘူးလို့ထင်ရပေမဲ့ ဒီကိစ္စသေးသေးလေးတွေက မျိုးစေ့လေးတွေလို တစ်နေ့ကျရင် သစ်ပင်ကြီး တစ်ပင် ဖြစ်လာမယ်လို့ ချောင်မော့ယွီ ယုံထားပြီးသား။ အချိန်ကျလာတာနဲ့ ရှင်း ပြည်သူ့ဆက်ဆံရေးက စီမံရေးမှူးတောင် ဖြေရှင်းလို့မရဖြစ်သွားမှာလေ။

ထိုပြဿနာကို ဖြေရှင်းပြီးသည့်အတွက် ရှင်းဝမ်ရွှမ်းသည် ‘ငါက သရုပ်ဆောင်တစ်ယောက်ပဲမဟုတ်ဘူး’ အစီအစဥ်၏ ပထမအပိုင်းတွင် ပါဝင်လိမ့်မည်ဟု တရားဝင် စာရင်းသွားလိုက်လေသည်။

ဒါရိုက်တာကျန်းရှန်းသည် ထိုသတင်းကိုကြားသောအခါ အလွန်ဝမ်းသာသွားတော့သည်။ အတိုက်အခံဖြစ် နေသည့် သရုပ်ဆောင်များကို ခေါ်ယူခြင်းက အစီအစဥ်ကို ပို၍ စိတ်လှုပ်ရှားစရာကောင်းသော အကြောင်းအရာကို ပြုလုပ်ပေးပေလိမ့်မည်။

ချောင်မော့ယွီသည် ရှင်းဝမ်ရွှမ်းနှင့် ချောင်ရို့ဟွမ်ကဲ့သို့ နာမည်မကြီးသော်လည်း နောက်ပိုင်းတွင် သူမသည် စကားဝိုင်း၏ အဓိကအကြောင်းအရာ ဖြစ်လာလိမ့်မည်။ ထို့အပြင် သူမနှင့် ရှင်းဝမ်ရွှမ်း ကြားမှ ဖြစ်ရပ်သည် ရိုက်ကူးရေးကို ပိုစိတ်လှုပ်ရှားအောင် ဖြစ်စေလိမ့်မည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now