အပိုင်း ( ၁၅၄) ကိုယ့်ကိုမငြင်းပါနဲ့နော် (၃)

3.3K 369 10
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၅၄) ကိုယ့်ကိုမငြင်းပါနဲ့နော် (၃)

သူမသည် စကားကိုအဆုံးသတ်လိုက်၏။

“ဒါကြောင့် ကျွန်မ ရှင်နဲ့ တွဲမှာမဟုတ်တော့ဘူး”

ယဲ့ဖေးချန်းသည် သူမ ပြောလိုက်သည့် နောက်ဆုံးအချက်ကို ကြားလိုက်ပြီးနောက် သူ့မျက်လုံးထဲတွင် လူသတ်လိုစိတ်များ ပြည့်နက်သွားတော့သည်။ သို့သော် သူသည် ချောင်မော့ယွီစကားကို စိတ်ရှည်ရှည်နှင့် နားထောင်လိုက်ပြီးနောက် သူသည် တစ်ချက်ချင်းစီ ပြန်ချေပလိုက်လေသည်။

“ ပထမအချက် ညီမကလဲ ဖျော်ဖြေရေးလာကပဲလေ၊ ပြီးတော့ ဟုတ်တယ် ကိုယ်လဲ ဒီလောကကပဲ၊ ဒါပေမဲ့ ညီမက ဒီအချက်ကို စိတ်ထဲမကြိုက်ဘူးဆိုရင် ကိုယ် အလုပ်နားလိုက်လို့ရတယ်”

ချောင်မော့ယွီသည် ရှောခ့်ရသွားတော့သည်။

“ဘာဖြစ်လို့လဲ”

ယဲ့ဖေးချန်းသည် တည်ငြိမ်စွာပြန်ဖြေလိုက်၏။

“ အစတုန်းက ကိုယ် ဖျော်ဖြေရေးလောကကို ဝင်ခဲ့တာက ကိုယ့်ဆုံးသွားတဲ့အမေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့လေ၊ အမေ လိုချင်ခဲ့တဲ့ ဆုတွေကို ကိုယ်ယူပေးပြီးသွားပြီဆိုတော့ ကိုယ် အလုပ်နားလိုက်လဲ နောင်တရစရာမရှိပါဘူး”

“ဒုတိယတစ်ချက်၊ ကိုယ်တို့က အကြိုက်မတူကြဘူးလို့ ပြောတယ်နော်၊ ဒါပေမဲ့ ကိုယ် ညီမနဲ့ ရင်းနှီးလာအောင် ကြိုးစားနေတယ်လေ”

ယဲ့ဖေးချန်းသည် ခေါင်းမော့ကာ သူမကို စိုက်ကြည့်လိုက်ပြီး လေးနက်သည့်အသံဖြင့်

“ ဂိုဏ်းတူညီမလေး ဟုတ်တယ်မလား”

ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏စကားကြောင့် နင်မလို ဖြစ်သွားတော့သည်။ သူမသည် ထိုယောကျ်ားမှာ စကားပြောအရာ လိမ္မာပါးနပ်သည်ကို သိရှိသွားပြီး သူ့ကို ငြင်းရန် အကြောင်းပြချက် ရှာမရဖြစ်သွားတော့သည်။

“ တတိယအချက်”

ယဲ့ဖေးချန်းသည် သည်နေရာအထိ စကားပြောလာရင်း ရုတ်တရက် ထရပ်လိုက်၏။ သူသည် ချောင်မော့ယွီ၏ ရှေ့သို့လျှောက်သွားလိုက်ပြီး သူမကို ပွေ့ဖက်လိုက်ကာ

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now