အပိုင်း (၁၀၉) ငါ့ကို နာမည်နဲ့ခေါ် (၁)

3.6K 366 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
109
အပိုင်း (၁၀၉) ငါ့ကို နာမည်နဲ့ခေါ် (၁)

ချောင်မော့ယွီသည် ရှင်းရီချန်၏ခြေထောက်အောက်က စာရွက်အပိုင်းအစကို ဖြည်းညင်းစွာ ကောက်ယူလိုက်သည်။ သူမ၏နှုတ်ခမ်းများသည် မသိမသာ လှုပ်သွားပြီး ယဲ့ဖေးချန်းကို နှုတ်ဆက်လိုက်လေသည်။

“ရုပ်ရှင်ဧကရာဇ်ယဲ့”

ယဲ့ဖေးချန်းသည် ရင်းနှီးလှသော်လည်း ယဥ်ကျေးသည့်အခေါ်အဝေါ်ကို ကြားလိုက်ပြီး ထိုအခေါ်အဝေါ်သည် သူ့နားထဲတွင် အနည်းငယ်ခက်ထန်နေသည်ဟု ခံစားလိုက်ရသည်။

ယဲ့ဖေးချန်းသည် သူ့အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လှည့်ထွက်လာခဲ့လိုက်သည်။

ချောင်မော့ယွီသည် သူအထင်လွဲသွားမည်စိုးသဖြင့် သူ့နောက်မှ အပြေးလိုက်သွားလိုက်လေသည်။ သူ့ကိုမှီသွားပြီးနောက်တွင် သူမပြောလိုက်လေသည်။

“ ရုပ်ရှင်ဧကရာဇ်ယဲ့ ရှင်ထင်နေသလိုမဟုတ်ပါဘူး”

သူသည် ပြန်လှည့်လာပြီး သူ့ကို စိုက်ကြည့်လိုက်လေသည်။ ယဲ့ဖေးချန်းသည် အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး

“ ငါ ဘာတွေးနေလဲဆိုတာ မင်းသိလို့လား”

ချောင်မော့ယွီသည် သူ့ကို အမှီလိုက်လာရသဖြင့် မောဟိုက်နေလေသည်။ သူမသည် သူ့ကို အခြေအနေကို ရှင်းပြရန် တာဝန်မရှိဟု ခံစားမိသော်လည်း သူမသည် သရုပ်ဆောင်တစ်ယောက် ဖြစ်နေသည်ကိုတော့ နားလည်လေသည်။ သရုပ်ဆောင်တစ်ယောက်အနေဖြင့် အချစ်ရေးအရှုပ်တော်ပုံများနှင့် သူမနှင့် ပတ်သက်သည့် မကောင်းသတင်းထွက်လာလျှင် သူမ၏အလုပ်ကို အကြီးအကျယ်ထိခိုက်လာနိုင်သည်။

လက်ရှိတွင် သူမသည် <<အာရုံဦးရဲ့လင်းရောင်ခြည်>>ဇာတ်ကားတွင် ယဲ့ဖေးချန်းနှင့် အလုပ်လုပ်နေရသည်။ သူမ၏ဂုဏ်သိက္ခာပျက်စီးသွားလျှင် သူတို့ အတူတူအလုပ်လုပ်နေသည့် ဇာတ်လမ်းကို ထိခိုက်သွားလိမ့်မည်။ ဇာတ်လမ်း ကို ထိခိုက်သွားလျှင် သူ့ကိုလဲ ထိခိုက်ပေလိမ့်မည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now