အပိုင်း (၁၆၄) အချိုများများ (၁)

3.1K 314 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၆၄) အချိုများများ (၁)

မြို့၏သီးခြားကလပ် အခန်းတစ်ခုတွင် အမျိုးသား နှင့် အမျိုးသမီးစုံတွဲတစ်ခုသည် ပြင်းပြစွာ တွယ်ငြိရစ်ပတ်နေ၏။

တစ်ကြိမ် တစ်ကြိမ်တွင် အခန်းထဲမှ အသံသည် တစ်ချက် တစ်ချက် ဖြည်းညင်းစွာ တိုးညင်းသွားလေသည်။

ယဲ့ဖေးချင်းသည် မိန်းမတစ်ယောက်ကို ဖက်ထားသော်လည်း သူ့မျက်လုံးများထဲတွင် ထိုအခြေအနေနှင့် ကိုက်ညီသည့် ခံစားချက်နှင့် စိတ်လှုပ်ရှားမှုတစ်ခုမှ ပေါ်မနေချေ။ သူသည် ချောင်ရို့ဟွမ်နှင့် အဆက်အသွယ် ရှိနေရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ချောင်ရို့ဟွမ်က တစ်စုံတစ်ယောက်ကို ငွေပေး၍ နုတ်ပိတ်နေသည့်မြင်ကွင်းကို မတော်တဆ မြင်ခဲ့လိုက်သောကြောင့်ပင်။

ယဲ့ဖေးချင်းဘေးတွင် မိန်းမများမရှားပေ။ သူသည် ချောင်ရို့ဟွမ်ကိုသာ ခြိမ်းခြောက်အကြပ်ကိုင် နေရသည့်အကြောင်းအရင်းမှာ သူမသည် ရှင်းရီချန်၏အမျိုးသမီးဖြစ်နေသောကြောင့်ပင်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က ယဲ့စီးပွားရေးအုပ်စုနှင့် ရှင်းစီးပွားရေးအုပ်စုအကြား ယှဥ်ပြိုင်မှုအချို့ရှိခဲ့၏။ အပေါ်ယံတွင် ယဲ့ဖေးချင်းသည် ရှင်းရီချန်နှင့် အတန်ရင်းနှီး ဖော်ရွေဟန်ရှိသော်လည်း အတွင်းပိုင်းတွင် သူသည် ရှင်းရီချန်ကို အစောကတည်းက ဖယ်ရှားချင်ခဲ့လေသည်။

ရှင်းရီချန်၏ မိန်းကလေးနှင့် အိပ်ရခြင်းက သူ့ကို အောင်မြင်မှုတစ်ခု ရစေသည့် ခံစားချက်ကို ပေးစွမ်းပေသည်။ သို့ရာတွင် ရှင်းရီချန်နှင့် ချောင်ရို့ဟွမ်တို့ ပြတ်စဲမှုက ထို အောင်မြင်မှုခံစားချက်ကို အေးခဲသွားစေတော့သည်။

ယနေ့တွင် ချောင်မော့ယွီ၏အကြောင်းကို မေးရန်သာ မရှိလျှင် ယဲ့ဖေးချင်းသည် ချောင်ရို့ဟွမ်ကို စဥ်းစားမိမည်မဟုတ်ပေ။

သူ့လက်ချောင်းများသည် သူမ၏ခန္ဓာကိုယ်ကို ညှပ်ထားပြီး လက်ချောင်းများအောက်မှ အားသည် အတန် ပြင်းထန်နေ၏။ သူ့တွင် သနားတတ်သည့် ခံစားချက် စိုးစဥ်းမျှ မရှိချေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now