အပိုင်း (၁၄၄) လက်တုံ့ပြန်ခြင်းရဲ့အဓိပ္ပာယ် (၂)

2.8K 309 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၄၄) လက်တုံ့ပြန်ခြင်းရဲ့အဓိပ္ပာယ် (၂)

[ရှင်းစီးပွားရေးအုပ်စု ရှင်းရီချန်၊ အမျိုးသမီးသရုပ်ဆောင် ချောင်မော့ယွီဆီသို့ ညပိုင်းသွားခဲ့၊ ငြင်းပယ်ခံရပြီးနောက် သူထွက်မသွားခဲ့]

ထိုစာကြောင်းအောက်တွင် ပိုစ့်နှင့်တွဲတင်ထားသည့် ဓာတ်ပုံများကို ပါရှိလေသည်။ ပုံအားလုံးသည် ရှင်းရီချန်က ချောင်မော့ယွီအိမ်တံခါးရှေ့တွင် ရပ်နေသည့် စီစီတီဗွီမှ ဖြတ်ထားသည့်ပုံများနှင့် ကားပါကင်တွင် ရိုက်ထားသည့်ပုံများ ဖြစ်လေသည်။

ပုံထဲတွင် ရှင်းရီချန်သည် တစ်စုံတစ်ယောက်ကို တွေ့ရန်ကြိုးစားနေပုံ ဖြစ်သော်လည်း တစ်ဖက်မှာ ထွက်မလာပေ။ သို့ရာတွင် သူသည် ထွက်ခွာမသွားလိုဘဲ တံခါးအပြင်ဘက်တွင် ဆက်စောင့်နေ၏။

ထိုပုံတစ်တွဲလုံးတွင် ရှင်းရီချန်သည်  ချောင်မော့ယွီ၏ ပိတ်နေသည့်အိမ်တံခါးရှေ့တွင် တစ်ယောက်ထဲ ရပ်နေ၏။ သူမ တံခါးဖွင့်ခဲ့သည့်ပုံ တစ်ပုံမှမပါချေ။

Weibo အများဆုံးရှာဖွေမှုတွင် “ရှင်းရီချန် ခံစားချက်ပြောင်းသွား” ။” ချောင်ရို့ဟွမ်က အခန်းလွတ်ကိုပဲ ဆက်ကြည့်နေရ”၊ “ ရှန်းဝမ်ရဲ့ နတ်ဘုရားမအပေါ်ခံစားချက် ပျောက်သွား”၊ “ဖိအားကိုမကြောက်တတ်တဲ့ ချောင်မော့ယွီ” စသည်ဖြင့် ဖော်ပြထားလေသည်။ ရှာဖွေမှု ဆယ်ခုထဲမှ တစ်ဝက်လောက်တွင် သူမ၏သတင်းက ဖုံးလွှမ်းထားလေသည်။

ချောင်မော့ယွီသည် အနည်းငယ် တွေဝေသွားလေသည်။

ဒီ ဖြတ်ထားတဲ့ဓာတ်ပုံတွေက ဘယ်ကပေါ်လာတာလဲ မသိဘူး။ ပြီးတော့ မနေ့က ငါလေး သူ့ကို သေချာပေါက် တံခါးဖွင့်ပေးခဲ့တယ်လေ။ ယဲ့ဖေးချန်းလဲ အဲမှာရှိနေတာပဲကို။ ဒါနဲ့ သူဘာလို့ ဘယ်ပုံမှာမှ ပါမလာတာတဲ့လဲ။

သူမသည် ဖြတ်ထားသည့်ပုံများကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီးနောက် သူမသည် ရုတ်တရက် စိတ်လှုပ်ရှားသွားတော့သည်။

ဒီပုံတွေကို တင်တဲ့သူက ယဲ့ဖေးချန်းများဖြစ်နေမလား။

ရှင်းရီချန်ရဲ့ ပုံတွေပဲပါတယ်။ ဒါက ရှင်းရီချန်ကို အရှက်ခွဲလိုက်တာတင်မကဘူး ချောင်ရို့ဟွမ်သာ ဒီပုံတွေကို မြင်သွားရင် သူမ ဘယ်လိုထင်သွားမလဲ မသိဘူး။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now