အပိုင်း (၆၃) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု (၃)

3.9K 390 0
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၆၃) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု (၃)

ယဲ့ဖေးချန်းနဲ့ ချောင်မော့ယွီတို့ရဲ့ ရိုက်ကူးရေးကာလတုန်းက နမ်းနေကြတာကို ဘုရင်ခံနန်းတော်မှာ အလုပ်လုပ်နေတဲ့ စီမံကတစ်ယောက်က မိသွားတယ်တဲ့။

သူမသည် ထိုနေ့က အခန်းများကို တံခါးပိတ်ထားရလေသည်။ သူမသည် အချိန်မှား ရောက်လာသောကြောင့် သရုပ်ဆောင်များ ရုပ်ရှင်ရိုက်ကူးနေသည်ကို သွားကြုံ၏။

ထိုစုံတွဲ၏ ရင်းနှီးသည့်အတိုင်းအတာတစ်ခုကို မြင်လိုက်သောအခါ အုပ်ချုပ်ရေးမှူးသည် သူမ၏ဖုန်းကို ထုတ်လိုက်ပြီး ဓာတ်ပုံတစ်ပုံကို တိတ်တဆိတ် ရိုက်ယူထားလိုက်သည်။

ဓာတ်ပုံကို အဝေးမှ ရိုက်ယူထားသော်လည်း ပုံကို ချဲ့လိုက်သောအခါ ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့ နမ်းနေကြသည်ကို ရှင်းရှင်းလင်းမြင်ရသည်။

ထိုညနှောင်းပိုင်းတွင် သူမသည် သူမ၏Weiboပေါ်တွင် ထိုဓာတ်ပုံကို တင်လိုက်ပြီး မှတ်ချက်ရေးလိုက်သည်။

“ နတ်ဘုရားရဲ့ ကိုယ်စားသရုပ်ဆောင်က ဘာလို့များ အဲလောက်ချောနေရတာလဲဟယ်၊ ယဲ့ဖေးချန်းနဲ့ တစ်ပုံစံထဲပဲ မတူဘူးလား”

အစပိုင်းတွင် သူမ၏Weiboပေါ်တွင် ယဲ့ဖေးချန်း ကိုယ်စားသရုပ်ဆောင်မှာ အလွန်ချောသည်ဟူသည့် မှတ်ချက် အနည်းငယ်သာရှိသည်။ သို့သော်ငြား နောက်တစ်နေ့တွင် သူမ၏သူငယ်ချင်းက ထိုပုံကို တဆင့်ပြန်တင်လိုက်သည့် နာမည်ကြီး ဘလော့ဂါတစ်ယောက်ထံ ထပ်ပို့လိုက်သောအခါ မကြာမီ အင်တာနက်ပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါက်ထွက် လာတော့သည်။

“ ဘုရားရေ ရုပ်ရှင်ဧကရာဇ်ယဲ့က နှစ်ခါပြန်ကို ချောနေပါလား၊ သူ့ရဲ့ပုံစံလေးကလဲ ထူးခြားနေတာပဲဟယ်”

“နေအုံး၊ ဧကရာဇ်ယဲ့မှာ ငယ်ငယ်ကတည်းက ခွဲနေတဲ့ အမြွှာညီအကိုတစ်ယောက်များ ရှိနေတာလား”

“ မဟုတ်ပါဘူး၊ မဖြစ်နိုင်တာဟယ်၊ ဓာတ်ပုံက အရမ်းမကြည်ပေမဲ့ အဲဒါ ငါ့နတ်ဘုရား လောင်ကုန်းလေးဆိုတာ ငါသေချာသိနေတယ်၊ အမလေးဟယ် ၊ ငါ့လူကို မှားစရာလား”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now