အပိုင်း ( ၆၉) ဆင်တူတဲ့ခံစားချက် (၁)

4.1K 400 2
                                    

ဘာသာပြန်သူ YuuKi

အပိုင်း ( ၆၉) ဆင်တူတဲ့ခံစားချက် (၁)

မီးရောင်ဖြင့် လင်းရှင်းနေသော ထမင်းစားခန်းထဲတွင် သူတို့နှစ်ယောက်သာရှိ၏။

အလင်းရောင်အောက်တွင် ထိုယောကျ်ား၏မျက်လုံးများသည်က စူးရှကာ နှစ်လိုဖွယ်ကောင်းပြီး သူ၏နူးညံ့သော မျက်နှာအသွင်ပြင်သည် တိတ်ဆိတ်သောည၌ ပို၍ ပဟေဠိဆန်နေလေသည်။ အထူးသဖြင့် သူ့အသံမှာ ရှတတနှင့် နှစ်လိုဖွယ်ဖြစ်နေရာ ချောင်မော့ယွီ၏နှလုံးခုန်နှုန်းကို မြန်သွားစေတော့သည်။

သူမသည် ဝတ္ထုဇာတ်အိမ်ထဲမှ ယဲ့ဖေးချန်း၏ဇာတ်ကောင်နေရာကို ဂရုတစိုက် ကြိုးစားကာ ပြန်စဥ်းစားလိုက်၏။

သူတို့နှစ်ယောက်ကြားရှိ ဆက်စပ်မှုကို ဝတ္ထုထဲတွင် တစ်ခါမှ မဖော်ပြထားသဖြင့် မူလခန္ဓာကိုယ်ပိုင်ရှင်သည် ‘ရှန်းရှီ’ မရိုက်ခင်က  ယဲ့ဖေးချန်းနှင့် တခါမှ မတွေ့ခဲ့ဖူးသည်ကို ချောမော့ယွီ သေချာသိနေသည်။

ဇာတ်လမ်းထဲတွင် ယဲ့ဖေးချန်းသည် ဖြောင့်မတ်တည်ကြည်သူတစ်ယောက်ဖြစ်ပြီး အချစ်ရေးကိစ္စလည်း တစ်ခါမှမရှိ။ သူ့ပတ်ဝန်ကျင်တွင်လည်း အတင်းအဖျင်းပြောမည့်သူမရှိသလို သူသည် မည်သူနှင့်မှ မချစ်ကြိုက်ခဲ့ဖူးပေ။

သို့သော်ငြား သူသည် ဝတ္ထုထဲတွင် ဒုတိယ အမျိုးသားဇာတ်ဆောင်ဖြစ်ရခြင်းမှာ သူနှင့် ချောင်ရို့ဟွမ်တွေ့စက သူ့မျက်လုံးများသည် သူမ၏လက်ကောက်ဝတ်ကို ခဏကြာအောင် အကြည့် မဖယ်ခွာနိုင်သောကြောင့်ဖြစ်ပြီး ထိုအချိန်ကတည်း သူသည် သည်မိန်းကလေးကို ပိုစိတ်ဝင်စားနေခဲ့သည်။

သို့ရာတွင် ထိုအချိန်က ချောင်ရို့ဟွမ်နှင့် ရှင်းရီချန်တို့မှာ တွဲနေကြပြီးဖြစ်၏။ သံယောဇဥ်များခိုင်မာနေပြီး ဖြစ်သဖြင့် ယဲ့ဖေးချန်းက အလိုအလျောက် အခွင့်မသာတော့ပေ။

ထိုကြောင့် ယဲ့ဖေးချန်းသည် ချောင်ရို့ဟွမ်ကို အဝေးမှသာ ကြည့်နေရလေသည်။

သူသည် တစ်ယောက်ဆိုတစ်ယောက် ဟူသော လူမျိုးဖြစ်ဟန်တူသည်။ ထိုအဝေးမှ စိတ်ဝင်တစား ဂရုစိုက်ပေးခြင်းသည် ဇာတ်လမ်းဆုံးသွားသည်အထိဖြစ်ပြီး သူသည် အမြဲတမ်းလိုလို အထီးကျန်နေသူ တစ်ယောက် ဖြစ်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now